❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

နှစ်ခြင်းအသင်းတော်များ၏
အခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု

နှစ်ခြင်းသမိုင်း အကျဉ်းချုပ်

အမေရိကန်နိုင်ငံ၌ Roger Williams (ရော်ဂျာဝီလျံစ်) သည် ၁၆၃၉ ခုနှစ်တွင် Rode Island (ရွတ်အိုင်လန်)၌ နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင် ခဲ့ပြီး တဖြည်းဖြည်း နှစ်ခြင်းသာသနာသည် ကမ္ဘာ တစ်ဝှမ်းလုံးသို့ ပြန်နှံ့လာကာ ယနေ့ ကမ္ဘာတိုင်း နိုင်ငံများတွင် နှစ်ခြင်းအသင်းတော်များကို တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံ တွင်လည်း သာသနာပြု ဆရာကြီး ယုဒသန် (DR. Adoniram Judson) (1788-1850) သည် ၁၈၁၃ ခုနှစ်တွင် မြန်မာမြေပေါ် ရောက်ရှိလာပြီး သာသနာပြုခဲ့ သောကြောင့် ယနေ့ မြန်မာနိုင်ငံတွင် နှစ်ခြင်း အသင်းတော်များ တည်ရှိလာခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ နှစ်ခြင်းသာသနာ ပြည်လုံး စည်းဝေးကြီး (Burma Baptist Missionary Convention) ကို ၁၈၆၅ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်တွင် ဖွဲ့စည်းပြီး ယနေ့ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၊ Myanmar Baptist Convention (MBC) အဖြစ်ဖြင့် ဆက်လက်တည်ရှိ နေပါသည်။ မြန်မာနိုင်ငံ နှစ်ခြင်းအသင်းချုပ်တွင် အသင်းတော်ပေါင်း (၃,၉၀၅) ရှိပြီး၊ နှစ်ခြင်းခံ ယုံကြည်သူများ (၆၆၂,၈၃၄) ရှိပါသည်။ လူမျိုးစုနှင့် ဒေသန္တရအဖွဲ့ချုပ် (၁၆) ဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော် (၂) ပါးဖြင့် ဖွဲ့စည်းထားသော အသင်းချုပ်သည် မြန်မာနိုင်ငံ နှစ်ခြင်းသာသနာ လုပ်ငန်းများကို ဘုရားပေး တာဝန်ဟု ခံယူကာ ကြိုးစာလုပ်ဆောင်လျက် ရှိနေပါသည်။

နှစ်ခြင်းအသင်းတော်များသည် ယုံကြည်သူ နှစ်ခြင်း အသင်းသူ အသင်းသားများကို အခြေခံကာ ဒေသန္တရ အသင်းတော်များ (Local Churches) ဖွဲ့စည်း၍ သာသနာ့ လုပ်ငန်းများကို လွတ်လပ်စွာ ရပ်တည် လုပ်ဆောင်ကြ သော်လည်း နှစ်ခြင်းအသင်းတော်များ အချင်းချင်း ကူညီပံ့ပိုးခြင်း အားဖြင့် သာသနာပြု သက်သေခံကြ ပါသည်။ မြန်မာနိုင်ငံ၌ နှစ်ခြင်းအသင်းတော်များသည် မိမိနှင့်သက်ဆိုင်သော အသင်းတော်များ အဖွဲ့၊ အဖွဲ့ချုပ်နှင့် အသင်းချုပ်ကို ဖွဲ့စည်းတည်ထောင်ပြီး အာရှ နှစ်ခြင်းခရစ်ယာန် အဖွဲ့ (Asian Baptist Federation) နှင့် သော်လည်းကောင်း၊ ကမ္ဘာနှစ်ခြင်း óဟာယ အဖွဲ့ကြီး (Baptist World Alliance) နှင့် သော်လည်းကောင်း ဆက်သွယ်ကာ နှစ်ခြင်းသာသနာ့ လုပ်ငန်းများကို ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက် ရှိပါသည်။ ကမ္ဘာ့ နှစ်ခြင်းသဟာယ အဖွဲ့ ကြီးတွင် နှစ်ခြင်းခံ ယုံကြည်သူများ (၄၃)သန်း ကျော်ရှိပြီး နှစ်ခြင်း မိသားစုဝင် ဦးရေမှာ သန်း (၁၀၀)ကျော် ရှိလာပြီဖြစ်ပြီး နှစ်ခြင်းယုံကြည်သူ များသည် (၅) နှစ် တစ်ကြိမ် ဓမ္မသဘင်ကြီး (Baptist World Congress) ကို ပြုလုပ် ကျင်းပကာ အချင်းချင်းတွေ့ဆုံ မိဿဟာယ ဖွဲ့၍ ခရစ်တော် စေခိုင်းသော သာသနာ့ လုပ်ငန်းများကို သယ်ပိုးဆောင်ရွယ်လျက် ရှိပါသည်။

Continue… » »


❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.