❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯
ပထမပိုင်း
အခန်း (၁) အသင်းတော်
၁။ အနက်အဓိပ္ပါယ်
က။ ဒေသန္တာရ အသင်းတော် Local Church
(၁) မျက်မြင်ရသော အသင်းတော် Visible Church
(ခ) ခရစ်တော်၌ တည်လျက်ရှိသော အသင်းတော် တည်းဟူသော အဖွဲ့အစည်းသည် ခရစ်တော် ရွေးချယ် ခန့်ထားသည့် အတိုင်း စုပေါင်း၍ မှန်ကန်စွာ ဝတ်ပြုကိုးကွယ်ခြင်း၊ နှစ်ခြင်းမင်္ဂလာ ခံယူခြင်း၊ ပွဲတော်မင်္ဂလာ ပေးခြင်း၊ ဓမ္မဝတ်များကို ဆောင်ရွက်ခြင်း အတွက် ဖြစ်သည်။
(ဂ) စစ်မှန်သော ဒေသန္တာရ အသင်းတော်သည် ဘုရားသခင် ရွေးချယ် ခန့်ထားပြီး အသင်းတော်က အများသဘောတူ ခန့်ထားသည့် အမှုတော်ဆောင် (သင်းအုပ်၊ သင်းထောက်၊ သာသနာပြုဆရာ) ဖြင့် ကောင်းမွန်စွာ ဖွဲ့စည်း မိဿဟာယပြုသော အသင်းတော် ဖြစ်သည်။ အသင်းတော် အုပ်ချုပ် ရေးတွင် သန့်ရှင်းမှန်ကန် စေရန် ဘုရားသခင်၏ လမ်းညွန်မှုကို အမြဲရှာဖွေ ခံယူလျက် အသင်းသူ အသင်းသားများ ပါဝင်ဆောင်ရွက် ရမည်ဖြစါသည်။ (ဧ ၄း၁၂)
(ဃ) ဒေသန္တာရ အသင်းတော်သည် သာသနာပြု လုပ်ငန်းဆောင်ရွက်ရန် ရပ်တည်နေကြောင်း သဘောပေါက် ထားရမည်။ အခွင့်အာဏာ လုံခြုံမှု၊ အကျိုးခံစားမှု၊ ကျေနပ် ရောင့်ရဲမှုကို ခံစားနေရန် အသင်းတော်ကို ဘုရားသခင်က ရွေးကောက်ခြင်း မဟုတ်၊ လောကကို အလုပ်အကျွေး ပြုသော အစေခံ၏ တာဝန်ကို ထမ်းဆောင်ရန် ရွေးကောက်ခြင်းသာ ဖြစ်သည်။
(င) တည်ထောင်ဖွဲ့ စည်းထားသော ဒေသန္တာရ အသင်းတော်သည် အခြား ဒေသန္တာရ အသင်းတော်များနှင့် သီးခြားမနေဘဲ၊ မေတ္တာနှင့် ကြီးပွားရန်၊ ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် တစ်စိတ်တစ်ဝမ်းတည်း သာသနာပြု သက်သေခံရန်နှင့် ဝမ်းမြောက်ဖွယ် သတင်းကောင်း အားဖြင့် ခရစ်တော်၏ အလိုတော်ကို တိုးပွားရင့်သန် စေရန် မိဿဟာယဖွဲ့ ဆောင်ရွက်ရမည်။ ၎င်းအပြင် အသင်းတော် အချင်းချင်း ကိုယ်စားလှယ် စေလွှတ်ခြင်းဖြင့် ဆက်သွယ်ဆွေးနွေးလျက်၊ သဘောတူ ဆက်ဆံပေါင်းသင်းကာ အမှုတော်ကို လက်တွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှစ်ခြင်းခရစ်ယာန် များက အလေးအနက် ခံယူကြသည်။
❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ ၂ ၃ . . . Next ❯