❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း

၂။ အသင်းတော်ဖွဲ့စည်းခြင်း

ဃ။ တရားဝင် အသင်းတော်ဖွဲ့စည်းခြင်း

အစီအစဉ်

အပိုင်း (၂) ဝတ်ပြုခြင်း ဆိုင်ရာ
  • ပဏာမ စောင်းတီးခြင်း
  • ဦးဆောင်သူများ နေရာယူခြင်း
  • ပဏာမ ကျမ်းချက်
  • ကောင်းချီး တောင်းခံခြင်း
  • ကြိုဆို နှုတ်ဆက်ခြင်း (ကမကထ အသင်းတော် သင်းအုပ်/ ဥက္ကဌ)
  • ဓမ္မသီချင်း ကျူးအေးခြင်း
  • သစ္စာပေးခြင်း
  • ဆက်ကပ် ဆုတောင်းခြင်း
  • ကျမ်းစာဖတ်ခြင်း
  • ဓမ္မသံစုံ ကျူးအေးခြင်း
  • ဓမ္မဒေသနာ ဟောကြားခြင်း
  • ဓမ္မသီချင်း ကျူးအေးခြင်း
  • ကောင်းချီးပေးခြင်း/ ကောင်းချီးမင်္ဂလာ ခံယူခြင်

အချို့က စီစဉ်ရာတွင် လုပ်ငန်းပိုင်းနှင့် ဝတ်ပြု ကိုးကွယ်မှု တို့ကို တစ်ပေါင်းတည်း ရောနှောထားရှိ တတ်ပါသည်။ သို့ရာတွင် သီးခြား ထားရှိမှုက ပိုမို သပ်ရပ်မည်ဟု ခံယူပါ သဖြင့် ဤကဲ့သို့ နှစ်ပိုင်းခွဲ၍ အကြံပြု တင်ပြရခြင်း ဖြစ်ပါသည်။

မှတ်ချက်။ ။

(၁) တပည့်တော်စု အဖြစ် စတင်သည်မှ အကြို သင်းလုံးကျွတ် စည်းဝေးထိ ပါဝင်ရပါမည်။

(၂) အခြေခံ စည်းမျဉ်း ဥပဒေ၊ အမှုဆောင် အဖွဲ့ ရွေးချယ် တင်မြှောက်ခြင်း၊ ဓမ္မအမှုတော်ဆောင် တင်မြှောက်ခြင်း၊ ကိစ္စရပ်နှင့် ဆက်သွယ်မည့် နယ်အသင်းတော်များ အဖွဲ့တို့ကို အကြို သင်းလုံးကျွတ် စည်းဝေးတွင် ညှိနှိုင်းမှု ပြုပြီးဖြစ်၍ အသင်းတော် ဖွဲ့စည်းခြင်းတွင် ပြင်ပ ဖိတ်ခေါ် ထားသည့် အသင်းတော် သာသနာ အဖွဲ့အစည်း တို့၏ ကိုယ်စားလှယ်များ ရှေ့၌ ဆန္ဒပြု ဆုံးဖြတ်ခြင်းသာ ဖြစ်ရပါမည်။ ထပ်မံ ဆွေးနွေးရန် မဟုတ်ပါ။

(၃) ဝတ်ပြု ကိုးကွယ်ခြင်းတွင် ပါဝင်မည့် ပုဂ္ဂိုလ်များကို ကမကထပြု အသင်းတော်နှင့် ညှိနှိုင်း၍ အကြို သင်းလုံးကျွတ် စည်းဝေးတွင် လက်ခံအတည်ပြု ရပါမည်။

(၄) အကြို သင်းလုံးကျွတ် စည်းဝေးနှင့် အသင်းတော် ဖွဲ့စည်းခြင်း ဆိုင်ရာ စည်းဝေးကို အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ခွာ၍ ကျင်းပသင့် ပါသည်။

Continue… » »


❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.