❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
နိဒါန်း Introduction
ထူးခြားချက်
ရောမသြဝါဒစာသည် ပေါလုမှ သူ၏ယုံကြည်ချက်ကို သေချာစွာ စုစည်းရေးသားထားသော ပဋိဥာဉ် (The Law) စာတမ်းဖြစ်သည်။ ရောမသြဝါဒစာအား စာတစ်စောင်၏ ပုံစံကဲ့သို့ မရေးသားထားပါ။ စာအဆုံး၌ လူများစွာတို့ထံ နှုတ်ဆက်စကားများစွာတို့ကို ရေးသားထားသည်။
အခြေခံကျမ်းစု
(က) မည်သည့်အရာကို ယုံကြည်ရမည်နည်း (၁း၁ – ၁၁း၃၆)
(၁) လူတို့၏ အပြစ်၌ကျင်လည်လိုမှု
(၂) ခရစ်တော်အားဖြင့် အပြစ်လွတ်ခြင်း
(၃) အပြစ်နွံမှလွတ်မြောက်ခြင်း
(၄) ဣသရေလ (Israel) တို့၏ အတိတ် (Past)၊ ပစ္စုပ္ပန် (Present) နှင့် အနာဂါတ် (Future)
ပေါလုမှ ခရစ်ယာန်တို့၏ ယုံကြည်ခြင်း အခြေခံကို ရှင်းလင်းဖော်ပြ ထားသည်။ လူတိုင်းတို့သည် အပြစ်သားဖြစ်သောကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်ကိုလွတ်ရန် ကျွန်ုပ်တို့ အတွက်အသေခံသည်။ ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် ဖြောင့်မတ်ခြင်းသို့ ရောက်သည်။ ယင်းသည် ဘုရားရှင်နှင့် အသစ်သော မိတ်သဟာရပြုသည့် အသက်တာ အသစ်ကို အစပြုခြင်းလည်းဖြစ်သည်။ ထိုအခြေခံအချက်များကို မကြာခဏ လေ့လာခြင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ပို၍ခိုင်မာလာစေသည်။ ရောမဩဝါဒစာကို သေချာစွာ လေ့လာသောအခါ၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် မည်သည့်အခါမျှ ပျောက်ဆုံးလိမ့်မည် မဟုတ်ပါ။
(ခ) မည်သို့ယုံကြည်ရမည်နည်း (၁၂း၁ – ၁၆း၂၇)
(၁) တစ်ဦးချင်း၏ တာဝန်
(၂) မှတ်တမ်း
ပေါလုသည် ရောမမြို့ရှိ ယုံကြည်သူများအား ရှင်းလင်းပြီး လက်တွေ့ကျသည့် လမ်းညွှန်ချက်များကို ပေးခဲ့သည်။ ခရစ်ယာန် အသက်တာသည် နေ့စဉ်အသက်ရှင်မှုနှင့် စပ်ဆိုင်မှုမရှိသော အတွေးအခေါ်မျိုးဖြင့် အသက်ရှင်ခြင်း မဟုတ်ဘဲ၊ နေ့စဉ် လုပ်ဆောင်မှု တို့အပေါ်၌ လက်တွေ့အကျိုး သက်ရောက်မှုရှိသော လမ်းညွှန်ချက်များ ရှိသည့် အသက်တာမျိုး ဖြစ်သည်။ ဧဝံဂေလိတရားကို သိခြင်းအဆင့်သည် လုံလောက်သော အဆင့်မဟုတ်ပါ။ ဧဝံဂေလိတရားမှ ကျွန်ုပ်တို့ အသက်တာအား ပြောင်းလဲစေလျက် ဘုရားရှင်အား ကျွန်ုပ်တို့၏ အသက်တာ အစိတ်အပိုင်း အားလုံးတို့တွင် သက်ရောက်မှု ရှိစေရမည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯