❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯
ရောမဩဝါဒစာ Romans
အဓိပ္ပါယ်ဖွင့်ဆိုချက်များ Definitions
ထာဝရစိုးစံခြင်း
ရှင်းလင်းချက်
ဘုရားရှင်သည် အတိတ် (Past)၊ ပစ္စုပ္ပန် (Present)၊ အနာဂတ် (Future) ကာလသုံးပါးစလုံးတွင် လူတို့အား ကြည့်ရှုစောင်မလျက် ရှိသည်။ ဘုရားရှင်၏ လုပ်ဆောင်မှု အားလုံးတို့သည် တရားမျှတပေသည်။ ဘုရားရှင်သည် ဖန်ဆင်းသော အရာအားလုံးကို အစိုးရတော်မူသည်ဖြစ်၍ မည်သူမဆို သူက ကယ်တင်လိုသော သူကို ကယ်တင် နိုင်သည်။
အရေးပါမှု
ဘုရားရှင်သည် ဂရုဏာတော်နှင့် ပြည့်ဝသည်ဖြစ်၍ ဂျူးလူမျိုးများသာမက တပါးအမျိုးသားတို့ပါ ကယ်တင်ခြင်းကို ခံရသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားရှင်၏ ဂရုဏာကို တုန့်ပြန်လျက် အပြစ်လွတ်တော်မူခြင်းကို လက်ခံသင့်ပေသည်။ သူသည် အရာအားလုံးကို စိုးပိုင်သော အရှင်ဖြစ်သောကြောင့် သင်၏ နှလုံးသားအား စိုးပိုင်စေပါ။
အစေခံခြင်း
ရှင်းလင်းချက်
ကျွန်ုပ်တို့၏ ဆန္ဒသည် ဘုရားရှင်၏ မေတ္တာ၊ တန်ခိုးတော် ပြည့်စုံခြင်းတို့အတွက် ချီးမွမ်းမှုကို ဖြစ်စေလျှင် ကျွန်ုပ်တို့သည် ဘုရားရှင်အား မှန်ကန်စွာ အစေခံခြင်းဖြစ်သည်။ အစေခံခြင်းသည် ယုံကြည်သူများအား စည်းလုံးခြင်းကိုဖြစ်စေပြီး၊ အခြားသူများအား ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို ပြသခြင်းဖြစ်သည်။
အရေးပါမှု
မည်သူမျှ တစ်ဦးတည်းအနေဖြင့် ခရစ်တော်၏ သဏ္ဍာန်ကို မဆောင်နိုင်ပါ။ ယုံကြည်သူများ စုပေါင်းမှသာလျှင် ခရစ်တော်၏ သဏ္ဍာန်သည် ပြည့်စုံရသည်။ အခြားသော ယုံကြည်သူများအား ထိရောက် ထက်မြက်စွာ တည်ဆောက်ပေးခြင်းအားဖြင့် ဘုရားရှင်အား အစေခံခြင်းသည် သံစဉ်ကဲ့သို့ ပြည့်စုံခြင်းသို့ ရောက်ရသည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ၁၆ ၁ သက်သာလောနိတ် ၂ သက် Next ❯