« Prev . . . ၄ ၅ ဆာလံ ၆ ၇ ၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၆
၆း၁ ဤအခန်းကြီး (၆) တွင် ဒါဝိဒ်သည် မိမိပြုမိသော အပြစ်များအတွက် ထာဝရဘုရားကို ဝမ်းနည်းကြေကွဲစွာ ဝန်ချတောင်းပန် နေသော အခန်းဖြစ်ပါသည်။ ဘုရားသခင်နှင့် အသစ်တဖန်ပြန်လည် မိတ်သဟာရ ဖွဲ့ရန် ကြိုးစားနေချိန်ဖြစ်သည်။ ဒါဝိဒ် မည်မျှနာကျင်မှု ဖြစ်နေသည်ကို ကျွန်ုပ်တို့မသိနိုင်ပါ။ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်မှု ရယူရန် ဒါဝိဒ် အထူးကြိုးစားနေပါသည်။ သူ၏ ခွန်အားနည်းမှုသည် သူ၏ အရိုးတို့ကိုပင် တုန်လှုပ်စေခဲ့ပါသည်။ ထာဝရဘုရား ပြင်းစွာအမျက်ထွက်၍ သူ့ကိုဆုံးမခြင်း မပြုရန် တောင်းပန်နေရှာသည်။
၆း၁-၃ ဒါဝိဒ်သည် မျက်ရည်ကျလျက် စိတ်နှလုံးကို သွန်လျက် သူ့အား ဘုရားသခင် ပြန်လည်ပြုပြင်ရန် အခွင့်ပေးခဲ့သည်။ ယေရမိ၏ အသက်တာတွင် ထာဝရဘုရားအား အမျက်တော်အတိုင်း မဆုံးမရန်၊ တရားတော် အတိုင်းသာ ဆုံးမရန် တောင်းပန်ခဲ့ဘူးပါသည် (ယေ ၁၀း၂၄)။ ဘုရားသခင် အမျက်တော်ထွက်လျှင် ဒါဝိဒ်မြေမှုန့်ဖြစ်သွားမည်ကို သူ့ကိုယ်ကို သူသိသည်။ ကြိမ်ဖန်များစွာ ကျွန်ုပ်တို့ အသက်တာ၌ အပြစ်အလျောက် ထာဝရဘုရား မစီရင်သည်ကို ကျေးဇူးတင်ရမည်။
၆း၆ ဒါဝိဒ်သည် ရန်သူများကြောင့် သူခံစားရသော ဒုက္ခများကို ဘုရားသခင်အား ရိုးသားပွင့်လင်းစွာ ဖော်ပြခဲ့သည်။ သူမည်မျှ ပင်ပန်းကြောင်း၊ တစ်ညလုံး မျက်ရည်တွင် မျှောရကြောင်း၊ ဝမ်းနည်းခြင်းဖြင့် မျက်စိပျက်၍ ရန်သူများကြောင့် မျက်စိမှုန်ကြောင်း သူဖော်ပြခဲ့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်အား အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်တိုင်း ဖော်ပြရန် လိုသည်။ ဘုရားသခင်၏ တန်းခိုးတော်ကို သိမှတ်ရန်လိုသည်။ မိမိကိုယ်ကို မှီခိုအားကိုး ခြင်းထက် သူ့အား မှီခိုအားကိုး တတ်ရန် ဘုရားသခင် သွန်သင်တော်မူ လိမ့်မည်။
« Prev . . . ၄ ၅ ဆာလံ ၆ ၇ ၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »