« Prev . . . ၁၂ ၁၃ ဆာလံ ၁၄ ၁၅ ၁၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၄
၁၄း၁ မိုက်မဲသော သူများက ဘုရားသခင်မရှိ၊ ဘုရားမဲ့ဝါဒကို ခံယူကျင့်သုံးကြသည်။ ဘုရားသခင်၏ လမ်းပြခြင်းကို လက်မခံ။ မိမိကိုယ်ကို အားကိုးကြသည်။ ကြမ်းတမ်းစွာဖြင့် မတရားမှုများကို ပြုမူဆောင်ရွက်သည်။
ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကို အားကိုးသော မိုက်မဲသောသူ၊ ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်းကို မခံယူသော ဘုရားမဲ့ဝါဒ ကျင့်သုံးသူများ ဖြစ်နေတတ်သည်ကို ဆင်ခြင်စဉ်းစား သင့်သည်။
၁၄း၃ ဘုရားသခင် ရှေ့တော်၌ ကျွန်ုပ်တို့ အားလုံးသည် အပြစ်သားများ ဖြစ်ကြသည်။ လူများ၏ ရှေ့တွင် ချီးကျူးခံရစေကာမူ ဘုရားသခင်၏ ရှေ့တွင် ကျွန်ုပ်တို့၏ ကောင်းမြတ်ခြင်းသည် အချည်းနှီးပင်ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ သူ့အားချစ်ရန်၊ အားကိုးရန် အလိုတော်ရှိပါသည်။ ဘုရားသခင်ကို ချစ်ရန်၊ အားကိုးရန် မိမိကိုယ်ကို ဆက်ကပ်အပ်နှံပါ။
၁၄း၎ ကောင်းသော အကျင့်ကို ကျင့်သောသူ တယောက်မျှ မရှိဟု ဒါဝိဒ်မင်းကြီးက ရေးထားခဲ့သည်။ ဘုရားသခင်ကို အားကိုးသူနှင့် ငြင်းဆန်သူတို့အကြေား ရှင်းလင်းသော ကွဲပြားမှုရှိသည်။ ဒါဝိဒ်သည် ဘုရားသခင်ကို အားကိုးခဲ့၍ ကြွယ်ဝပြည့်စုံခြင်းကို ခံစားရသည်။ ဣသရေလ လူမျိုးတို့မှာ ဘုရားသခင်ကို မေ့လျော့၍ ရုပ်တုဆင်းတု များကိုသာ ကိုးစားခဲ့၍ ပျက်စီးခြင်းကို ခံစားရသည်။
၁၄း၅ ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ တဖက်၌ရှိတော်မူ၏။ ဘုရားသခင်ကို ခိုလှုံသော သူတို့အား ဆန့်ကျင်ခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ရာ ရောက်သည်ကို သတိပြုဆင်ခြင်ပါ။
« Prev . . . ၁၂ ၁၃ ဆာလံ ၁၄ ၁၅ ၁၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »