« Prev . . . ၂၀ ၂၁ ဆာလံ ၂၂ ၂၃ ၂၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၂၂
၂၂း၁၈ လူတို့သည် မိမိပိုင်သော ပစ္စည်းဥစွာများကို လုယူဖျက်ဆီး ခံရခြင်းသည် ဂုဏ်သိက္ခာကို ထိပါးခြင်းဟု ယူဆကြသည်။
သခင်ယေရှုသည် လူများကြား ညှင်းပမ်းခံရ၍ သူ၏ အဝတ်တော်များကို ဆုတ်ဖြဲခြင်းသည် အဝတ်အစား ကင်းမဲ့နေသော သူတို့ ခံစားရသော ခံစားချက်ကို ကားတိုင်တွင် ခံခဲ့ရသည်။
အသရေ ထိပါးခြင်းဆိုသည့် ခံစားမှုများကို သခင်ယေရှု ခံစားမည် မဟုတ်ပေ။ အပြစ်သားများ ကိုယ်စား အပြစ်ကြွေးကို ကိုယ်တိုင် ဆပ်သည်ဟုသာ ခံစားပေမည်။
၂၂း၂၂ ဒါဝိဒ်သည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံစားရ၍ ပရိသတ်အလယ်၌ ဘုရားသခင်ကို ချီးမွမ်းခြင်း ပြုခဲ့သည်။
ကျွန်ုပ်တို့သည်လည်း မိမိတို့အပြစ်များကို ဆောင်ယူသွားသော သခင်ယေရှုခရစ်၏ နာမတော်ကို လူများရှေ့ ချီးမွမ်းရန် အသက်တာကို ပြင်ဆင်ပါ။
၂၂း၃၀ ကျွန်ုပ်တို့သည် လူတိုင်းအတွက် ဘုရားသခင်၏ အလင်းကို ပြသောသူများ ဖြစ်ရမည်။ ကျွန်ုပ်တို့၏ နော်လာနောက်သားများအား ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ မေတ္တာတော်ကို သင်ကြားလမ်းညွှန် ပေးရမည်။ ကျွန်ုပ်တို့၏ မျိုးဆက်သစ်များသည် ဘုရားသခင် အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေဖို့ သွန်သင်ရမည်။ သို့မှသာ သစ္စာရှိစွာ လုပ်ဆောင်ခြင်း၏အကျိုးကို ခံစားရမည်။
၂၂း၃၁ ငယ်သော အချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ကျင်လည်ေသာသူ ဖြစ်ရန်၊ ဘုရားသခင်ကို အားကိုးတတ်ရန် သင်ကြားရမည်။ သင်တို့၏ သစ္စာရှိခြင်း အကျိုးကို အနာဂါတ် မျိုးဆက်သစ်များ ခံစားရမည်။ ဘုရားသခင် ကောင်းကြီးပေးမည် ဖြစ်သည်။
« Prev . . . ၂၀ ၂၁ ဆာလံ ၂၂ ၂၃ ၂၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »