« Prev . . . ၃၂ ၃၃ ဆာလံ ၃၄ ၃၅ ၃၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၃၄
၃၄း၉ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဟူသည် ရိုသေ၊ လေးစာခြင်း ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်းသည် မိမိကိုယ်ကို နှိမ့်ချခြင်းနှင့် စစ်မှန်သော ကိုးကွယ်ခြင်းကို ပြသနိုင်သည် (က ၁၇း၂-၄)။ အာဗြဟံ၏ ရိုသေခြင်း (ထွ ၃း၅-၆)၊ မောရှေ၏ ရိုသေခြင်း (ထွ ၁၉း၁၆)၊ ဣသရေလ တို့၏ ရိုသေခြင်းများကို တွေ့နိုင်သည်။
သူတို့၏ တုန့်ပြန်မှု များကား မတူသော်လည်း ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ ခဲ့ကြသည်ကို တွေ့နိုင်သည်။
ကျွန်ုပ်တို့သည်ပင် ဘုရားသခင်ကို မည်မျှကြောက်ရွံ့ရိုသေ ကြပါသနည်း။
၃၄း၁၀ ဘုရားသခင်သည် ကျွန်ုပ်တို့ လိုချင်သည့် အရာတိုင်း ပေးမည်ဟု ကတိမထား သော်လည်း လိုအပ်မှု များကို ဘုရားရှင် သိတော်မူ၍ ဆုတောင်းသောအခါ အဖြေပေးတော် မူသည်။ ဝိညာဉ်ရေးရာနှင့် ပတ်သက်သော အရာများကိုသာ လိုချင်စိတ် ရှိပါ။ အချို့သော ခရစ်ယာန်များသည် လောက ပစ္စည်းဥစွာ ကြွယ်ဝမှု နည်းပါး သော်လည်း ဝိညာဉ် ရေးရာတွင် လုံလောက်မှု အပြည့်အဝ ရှိကြသည်။ ဘုရားသခင်၏ ကျေးဇူး သင့်အဖို့ လောက်သည်ကို အစဉ် ကျေးဇူးတော် ချီးမွမ်းပါ။
သင့် အသက်တာ၌ လိုအပ်ချက်များ ကင်းမဲ့နေသည်ဟု ခံစားနေရ ပါသလား။ ထိုအရာများသည် သင့်အတွက်အမှန်တကယ် ကောင်းမွန်စေသော အရာများ ဖြစ်ပါသလား။ လိုအပ်သော အချိန်၌ သင်ရရှိသင့် ပါသလား။ ဤမေးခွန်း အားလုံး ဖြစ်သင့်သည်ဟု ဖြေနိုင်ပါသည်။
သို့သော် ထိုသို့ ကင်းမဲ့နေခြင်းသည် ဘုရားသခင် အပေါ်လုံးဝမှီခို အားထားခြင်း ရှိလာစေရန် ဘုရားသခင် ရည်ရွယ်ပါသည်။ ဘုရားသခင် သည်သာ လိုအပ်ချက် အားလုံးကို ပြည့်စုံစေသည်ဟု သိစေပါသည်။
« Prev . . . ၃၂ ၃၃ ဆာလံ ၃၄ ၃၅ ၃၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »