« Prev . . . ၂၅ ၂၆ ဆာလံ ၂၇ ၂၈ ၂၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂၇

၂၇း၁၃ အသက်ရှင်သော သူတို့၏ နေရာ ဟူသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူများ၏ အသက်တာကို ဆိုလိုသည်။ ဒါဝိဒ်က သူ၏အသက်တာတွင် စုံစမ်းနှောက်ယှက်မှု များကို မည်သို့ပင် ကြုံတွေ့စေကာမူ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသည်ဟု ဖော်ပြထားသည်။

၂၇း၁၄ ဒါဝိဒ်က ဘုရားသခင်ကို မျှော်လင့်ခြင်းသည် သူ့အသက်တာ၏ အတွေ့အကြုံ အားလုံးကို ဘုရားသခင်ထံ အပ်နှံခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အသက် (၁၆) နှစ်တွင် ဘုရင်အဖြစ် ဘုရားသခင် ဘိသိတ်ပေးခြင်းကို ခံခဲ့ရသည်။ သို့သော် အသက် (၃၀) မှ ဘုရင်ဖြစ်လာသည်။ ဘုရင်မဖြစ်မီ ရှောလု (Saul) မင်း၏ တိုက်ခိုက်ခြင်းကို ခံရ၍ ဘုရားသခင်ကို မျှော်လင့်ခဲ့ရကြောင်း၊ ဘုရားသခင် ပေးထားသော ကတိတော် များကိုသာ မျှော်လင့်ခဲ့ရကြောင်း၊ ဘုရင်ဖြစ်ပြီးနောက် သားတော် အဗရှလုံ၏ တိုက်ခိုက်ခြင်းကို ခံရ၍ ဘုရားသခင်ကိုသာ မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ကျွန်ုပ်တို့၏ အသက်တာတွင် ခက်ခဲခြင်းများ ရင်ဆိုင်ရစဉ် ဘုရားသခင်ကိုသာ မျှော်လင့်ပါ။ တန်ဖိုးကြီးမားသော မျှော်လင့်ခြင်း ဖြစ်သည်။ အားအင်သစ်ကို ဖြစ်ပေါ်စေသည် (မြည်း ၃း၂၄-၂၅)။ ဘုရားသခင်ကို မျှော်လင့်ခြင်းဖြင့် ဘုရားသခင်သည် သင့်အသက်တာ ရင့်ကျက်မှုများကို သင်ကြားပေးလိမ့်မည်။ အချိန်ကို ကောင်းစွာ အသုံးပြုခြင်းဖြင့် မျှော်လင့်ပါ။ ဘုရားသခင်ထံ အားယူပါ။ ရဲရင့်သော စိတ်ရှိစေပါ။

ဒါဝိဒ်ကဲ့သို့ ဘုရားသခင်ထံ မျှော်လင့်ခြင်း တည်းဟူသော အသက်တာကို ပုံအပ်ပါ။

Continue… » »


« Prev . . . ၂၅ ၂၆ ဆာလံ ၂၇ ၂၈ ၂၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.