« Prev . . . ၄၂ ၄၃ ဆာလံ ၄၄ ၄၅ ၄၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၄၄
၄၄း၁ ဤဆာလံသီချင်းကို ဘုရားသခင်အား သစ္စာရှိသူ ယေရှဖတ် (Jehoshaphat) မင်းကြီးနှင့် လေဝိ (Levites) သားတို့ သီဆိုခဲ့ကြသည်။ ခါနန် (Canaan) ပြည်ကို သိမ်းယူခြင်းအတွက် ရည်ရွယ်သည်။ ဣသရေလ လူမျိုးတို့ ခါနန်ပြည်ကို ဝင်ရောက်သည့်အခါ မတရားသောသူနှင့် ဘုရားသခင်အား ဆန့်ကျင်သူများကို ရှင်းပစ်ရန် မိန့်တော်မူခဲ့သည်။
ဘုရားသခင်သည် သူ့အား ပြုတော်မူသည် များကို သတိရ၍ ချီးမွမ်းခြင်း ဖြစ်သည်။
၄၄း၉-၂၂ ဣသရေလ တို့သည် ဘုရားသခင်၏ ကွယ်ကာခြင်းကို ခံစားရပါလျက် အဘယ်ကြောင့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရပါသနည်း။ ဆာလံဆရာက နားမလည် နိုင်သော်လည်း ထိုအရာများကို နာကျင်စွာ ခံစားရသည်ဟု ဖော်ပြထားသည် (ရော ၈း၃၆)။ ရှင်ပေါလုသည် ဘုရားသခင် အတွက် အသေခံရန် အသင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ဆုံးမခြင်းကို နာကျင်စွာ ခံစားရပါသော်လည်း ဤဆုံးမခြင်းသည် အစဉ်မဟုတ်ပဲ ဘုရားသခင်အား မိမိအသက်တာကို ဆက်ကပ်ရန်ဖြစ်သည်။
၄၄း၂၃-၂၅ ဆာလံဆရာသည် ဘုရားသခင် သူ့အား ပစ်မထားကြောင်း အစဉ် ဂရုပြုတော် မူကြောင်း ဖော်ပြထားသည်။ ဘုရားသခင် အိပ်နေ သကဲ့သို့ တခါတရံ ခံစားရကြောင်း ဖော်ပြထားသည် (မာ ၄း၃၅-၄၁)။ သခင်ယေရှုသည် မိုးသက်မုန်တိုင်းကျချိန် အဘယ်ကြောင့် အိပ်လျက်နေသည်ကို တပည့်တော်များ စဉ်းစားခဲ့ကြသည်။
ဤအခြေအနေ နှစ်ရပ်လုံးတွင် ဘုရားသခင်သည် ကူညီရန် အသင့်ရှိနေ ပါသော်လည်း တပည့်တော်များအား ယုံကြည်ခြင်းကို ဦးစွာတည်ဆောက် စေလို၍ ဖြစ်သည်။
၄၄း၂၆ ဆာလံဆရာက ဘုရားသခင်၏ မကုန်နိုင်သော မေတ္တာဖြင့် သူ၏ လူများအား ရွေးနုတ်ပါမည့် အကြောင်း တောင်းပန်သည်။ မည်သို့သောအရာမှ ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ်တို့နှင့် မကွာနိုင်စေပါ (ရော ၈း၃၆-၃၉)။ သင်သည် အသက်အန္တရာယ်ကို စိုးရိမ်နေပါသလား။ သေခြင်းသည်ပင် ဘုရားသခင်နှင့် မကွာစေနိုင်ကြောင်း သတိရပါ။
« Prev . . . ၄၂ ၄၃ ဆာလံ ၄၄ ၄၅ ၄၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »