« Prev . . . ၇၅ ၇၆ ဆာလံ ၇၇ ၇၈ ၇၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၇၇
၇၇း၁ ဤကျမ်းပိုဒ်တွင် ဆာလံဆရာက ငါသည် ဘုရားသခင်ထံ အသံလွှင့်၍ အော်ဟစ်၏ဟု စိတ်ပျက်ခြင်းကို ခံရစဉ် မိမိကိုယ်ကို အာရုံစိုက်ခဲ့သည် (၇၇း၇-၉)။ သို့သော် နောက်ပိုင်း ငါဟူ၍ မတွေ့ရပါ။ ဘုရားသခင်ကိုသာ အာရုံစိုက်ခဲ့သည် (၇၇း၁၄)။ ကိုယ်တော်သည် အံ့ဖွယ်သော အမှုတို့ကို ပြုသောဘုရား ဖြစ်သည်ဟုသာ ချီးမွမ်းခဲ့သည်။
ကျွန်ုပ်တို့လည်း ဘုရားသခင်ကိုသာ အာရုံပြု ဆုတောင်းပါ။ မိမိကိုယ်ကိုဂရုမထားပါနှင့်။
၇၇း၁၁ ဣသရေလတို့သည် ဘုရားသခင်၏ ဆောင်ရွက်ခဲ့မှုများကို အမြဲ အောက်မေ့လျက် ရှိကြသည်။ ဘုရားသခင်သည် ယုံကြည်ကိုးစားထိုက်သော ဘုရားဖြစ်သည်ကို အမြဲနှလုံးသွင်း၍ ယုံကြည်ခြင်းကို ခိုင်မာစေကြသည်။
၇၇း၁၆ အံ့သြဖွယ် ပင်လယ်နီ (Red Sea) ကို နှစ်ခြမ်းကွဲစေ၍ လွတ်မြောက်ခြင်းကို ခံစားရသည်ကို ချီးမွမ်းကြသည် (ထွက် ၁၄း၂၁၊ ယောရှု ၂၄း၆)။ ဤအံ့ဖွယ် လုပ်ဆောင်မှုများကြောင့် ဘုရားသခင်၏ မေတ္တာတော် တန်ခိုးတော် ကာကွယ်မှုကိုသတိရစေသည်။
« Prev . . . ၇၅ ၇၆ ဆာလံ ၇၇ ၇၈ ၇၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »