« Prev . . . ၇ ၈ ဆာလံ ၉ ၁၀ ၁၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၉
၉း၁၁ ဘုရားသခင်သည် ဇိအုန်တောင် တွင်သာရှိသော ဘုရားမဟုတ်ပါ။ နေရာတိုင်းတွင် ရှိတော်မူ၏ ဘုရားသခင်သည် ယေရုရှလင်မြို့၏ ဗိမာန်တော်၌၎င်း၊ ရှောလမုန် တည်ဆောက်ခဲ့သော ဗိမာန်တော်၌လည်း ကျိန်းဝပ်တော်မူ၏။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့၏ နှလုံးသားတိုင်းတွင် ကျိန်းဝပ်တော်မူသော ဘုရားဖြစ်ပါသည်။
၉း၁၃ ကျွန်ုပ်တို့သည် အခက်အခဲနှင့် ကြုံတွေ့ရသောအခါ ဘုရားသခင်၏ ကူညီမစမှု အမျိုးမျိုးကို ခံယူတောင်းခံကြသည်။ မိမိတို့ အဆင်ပြေအောင်မြင်မှုရရန် ဘုရားသခင်ကို အားကိုးကြသည်။
သို့သော် ဒါဝိဒ်သည် ဘုရားသခင်၏ တန်ခိုးကို သူတပါးအား ပြသစေလိုသောကြောင့် ဘုရားသခင်ကို အကူအညီ တောင်းခံခဲ့သည်။
ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ကို မည်ကဲ့သို့ အခြေအနေမျိုးဖြင့် တောင်ခံနေပါသနည်း။ မိမိတို့ အခက်ခဲ အဆင်ပြရန် တောင်းခံခြင်း ဖြစ်ပါသလား။ သို့မဟုတ် ဘုရားသခင် ဘုန်းတော် ထင်ရှားစေလိုသော တောင်းခံခြင်း ဖြစ်ပါသလား။ ဆန်းစစ်ပါ။
၉း၁၆-၁၈ Higgaion သည် သံစဉ်လမ်းညွှန်မှု ဖြစ်ပြီး ညင်သာသော တူရိယာကို အသုံးပြု၍ သီဆိုသည်။
ကမ္ဘာကြီးတွင် ဆင်းရဲသော သူတို့၏ အော်ဟစ်သံကို နားခံသောသူ ရှိသကဲ့သို့ ဥပက္ခာပြုသော သူများလည်းရှိသည်။ သို့သော် အားနည်းသော သူတို့၏ အားကိုးခိုလှုံရာသည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ အားနည်းခြင်းကို သိရှိပြီး ကျွန်ုပ်တို့ မျှော်လင့်ခြင်းကို အားပြည့်စေတော် မူမည်ဟု ကတိတော် ထားခဲ့ပြီးဖြစ်သည်။ လူလူချင်း မေ့လျော့စေကာမူ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မေ့လျော့တော် မမူပါ။
« Prev . . . ၇ ၈ ဆာလံ ၉ ၁၀ ၁၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »