« Prev . . . ၉၀ ၉၁ ဆာလံ ၉၂ ၉၃ ၉၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၉၂

၉၂း၁ ကျွန်ုပ်တို့သည် ကျေးဇူးတော် ချီးမွမ်းစရာ ရှိမှသာ ဘုရားသခင်ကို ချီးမွမ်းလေ့ရှိသည်။ အမှန်အားဖြင့် ကျေးဇူးတော် ချီးမွမ်းခြင်းဟူသည် နှုတ်မှ အမြဲတမ်း ထွက်ပေါ်နေရမည်။ ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့် အသက်တာ၌ သဘောထား၊ အမြင်များပါ ပြောင်းလဲလာလိမ့်မည်။ ပို၍ အကောင်းမြင်သောသူ၊ မေတ္တာပြသောသူ၊ ချစ်တတ်သောသူ၊ နှိမ့်ချသောသူ ဖြစ်လာပေလိမ့်မည်။

၉၂း၁၂ စွန်ပလွန်ပင်သည် သက်တမ်းအားဖြင့် ကြာမြင့်သည်။ “မာကြောတောင့်တင်း၍ ပြောင်းလဲခြင်း၊ ရွှေ့ပြောင်းရန်မဖြစ်နိုင်ပါ။”

ကျွန်ုပ်တို့ အသက်တာသည် ပတ်ဝန်းကျင် ထိုးနှက်မှုများကို စွန်ပလွန်ပင်ကဲ့သို့ ခံစားရပါသော်လည်း ယုံကြည်ခြင်း မြဲမြံခိုင်မာရန် လိုသည်။ ပြောင်းလဲခြင်းမရှိဖို့ အရေးကြီးသည်။

၉၂း၁၄ အစွမ်းသတ္တိ ခွန်အားနှင့်ပြည့်သော လူငယ်များသာ ဘုရားသခင်အား ချီးမွမ်းနိုင်ခြင်း မဟုတ်ပါ။ အသက်အရွယ် ကြီးသောသူတို့သည်လည်း ဆက်ကပ်၍ ဝိညာဉ်အသီး သီးနိုင်သည်။ သူတို့၏ အစေခံခြင်း၊ အတွေ့အကြုံကို ကျွန်ုပ်တို့အား သင်ကြားပေးနိုင်သည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်းများကို သူတို့အားဖြင့် တွေ့မြင်ခံစားနိုင်သည်။

Continue… » »


« Prev . . . ၉၀ ၉၁ ဆာလံ ၉၂ ၉၃ ၉၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.