« Prev . . . ၂၁ ၂၂ ဆာလံ ၂၃ ၂၄ ၂၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၂၃
၂၃း၎ ကျွန်ုပ်တို့ အသက်တာ၌ သေခြင်းတရားသည် ကြောက်ရွံ့ဖွယ်ကောင်းသာ အရိပ်တခုဖြစ်သည်။ ထို့နည်းတူ နာကျင်ဖွယ် ခံစားရခြင်း ဆုံးရှုံးမှုများကို ကျော်လွှားနိုင်ပါ သော်လည်း သေခြင်း တည်းဟူသော အရိပ်ကို မကျော်လွှားနိုင်ပါ။
သို့သော်လည်း သေခြင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းတည်းဟူသော အသက်တာကို လျှောက်လှမ်းစဉ် ကျွန်ုပ်တို့နှင့်အတူ ပါရှိ၍ ဘေးအန္တရာယ် ကင်းစွာ ပို့ဆောင်ပေးနိုင် သူသည် ဘုရားသခင် တစ်ပါးတည်းသာ ဖြစ်သည်။ လှံတံတော် တည်းဟူသော မစခြင်းနှင့် တောင်ဝှေးတော် တည်းဟူသော ကွယ်ကာခြင်းကို ဘုရားသခင် ပေးနိုင်သည့်အတွက် အောင်မြင်ခြင်း ချမ်းသာခြင်းကို ခံစားရသည်။
၂၃း၅ ရှေးအခါ၊ အရှေ့တိုင်း၏ ယဉ်ကျေးမှုအရ အိမ်ရှင်သည် မိမိအိမ်သို့လာသော ဧည့်သည်၏ မည်သည့် အန္တရယ်ကိုမဆို ကာကွယ်စောင့်ရှောက်ရသည်။ စားပွဲကိုခင်း၍ တည်ခင်းဧည့်ခံရသည်။ ဦးခေါင်းကို နံသာဆီနှင့်လိမ်း၍ တင့်တယ်စေသည်။
ထိုနည်းတူ ကျွန်ုပ်တို့ ယုံကြည်သူများ အသက်တာ၌ နောင်တမလွန်ဘဝ ထာဝရကာလ၌ ဘုရားသခင်နှင့် အတူနေရမည့် အချိန်တွင် အိမ်ရှင်ဖြစ်သော ဘုရားသခင်က ကျွန်ုပ်တို့ကို သူ၏ အိမ်တော်သို့ ထာဝရ ပို့ဆောင်မည် ဖြစ်သည်။ ဘုရားသခင်၏ ထာဝရ မေတ္တာတော်နှင့် ဂရုဏာတော်ကို ခံစားကြရမည် ဖြစ်သည်။
« Prev . . . ၂၁ ၂၂ ဆာလံ ၂၃ ၂၄ ၂၅ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »