« Prev . . . ၁၀၂ ၁၀၃ ဆာလံ ၁၀၄ ၁၀၅ ၁၀၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၀၄

၁၀၄ ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို စပ်ဆိုထားသည်။ ဘုရားသခင်သည် ပထမနေ့၌ အလင်းရောင်ကို၎င်း၊ ဒုတိယနေ့တွင် ကောင်းကင်နှင့် မြေကြီးကို၎င်း၊ တတိယနေ့တွင် မြေနှင့် သီးစားပင်ကို၎င်း၊ စတုတ္တနေ့တွင် နေ၊လ၊ ကြယ်များကို၎င်း၊ ပဉ္စမနေ့တွင် ငါးနှင့် ငှက်များကို၎င်း၊ ဆဌမနေ့တွင် တိရိစ္ဆာန်နှင့် လူတို့ကို ဖန်ဆင်းတော်မူသည်။ ကျွန်ုပ်တို့ ချီးမွမ်းစရာ ကောင်းပါသည်။

တစ်နေ့သော အခါ၌ ကောင်းကင်နှင့် မြေကြီး ပျက်စီး၍ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဖန်ဆင်းတော်မူလိမ့်မည် (ဟေရှာ ၆၅း၁၇၊ ဗျာ ၂၁း၁)။ ဖန်ဆင်းထားသော အရာအားလုံး တို့သည် တီထွင်ကြံဆမှုနှင့် ပြည့်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ဘုရားသခင်၏ မေတ္တာ၊ ဉာဏ်တော်နှင့် ပြည့်ဝစုံလင်သည်။

ဖန်ဆင်းတော်မူသော အရာအားလုံးကို အစိုးပိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ ဂုဏ်တော်များကို ခံစားသိရကြသည်။ ကျွန်ုပ်တို့ ရှုသွင်း၊ ရှုထုတ်သော လေသည် ဘုရားတန်ခိုးတော်၌ တည်သည်။ ဘုရားမှုတ်သွင်းသော ဝိညာဉ်၌တည်သည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ အကြံတော်များကို သိရှိရန်၊ ဆာငတ်ပါ။ ဘုရားသခင်၏ ဖန်ဆင်းခြင်းကို၎င်း၊ ဖန်ဆင်းခံ အရာများကိုသော်၎င်း၊၊ ကျေနပ်ဝမ်းမြောက်စွာဖြင့် ခံယူ၍ ဘုရားသခင်ကိုချီးမွမ်းပါ။

Continue… » »


« Prev . . . ၁၀၂ ၁၀၃ ဆာလံ ၁၀၄ ၁၀၅ ၁၀၆ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.