« Prev . . . ၁၀၇ ၁၀၉ ဆာလံ ၁၁၀ ၁၁၁ ၁၁၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၁၀

၁၁၀ ဤကျမ်းပိုဒ်သည် ဓမ္မသစ်ကျမ်းကို ကိုးကား၍ ဖွဲ့ဆိုထားသော ကျမ်းပိုဒ်ဖြစ်သည်။ ရှင်မဿဲခရစ်ဝင် ၂၂း၄၁-၄၅ တွင် သခင်ယေရှုသည် မကောင်းသော အမှုတို့ကို နောက်ဆုံးအပြီးသတ် ချုပ်ငြိမ်းစေခြင်းကို ဖော်ပြထားသည်။

၁၁၀း၁-၇ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း မိမိ၏ သခင်အဖြစ် အုပ်စိုးရန် ငြင်းပယ်ကြသည်။ သို့သော် ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန်နှင့် အုပ်စိုးရန် ကြွလာတော် မူသည်ကို ဖော်ပြထားသည်။ ဆာလံကျမ်း၌ ဒါဝိဒ်သည် ကြီးမြတ်သော ဘုရင်တပါး ဖြစ်သည်ကို ဖော်ပြထားသည်။ ရှင်မာကုခရစ်ဝင် ၁၂း၃၅-၃၇ တွင် သခင်ယေရှုသည် မေရှိယ ဖြစ်တော်မူကြောင်း၊ ဘုရားသခင်၏ လက်ယာဘက်၌ ရှိတော်မူကြောင်း၊ အရာခပ်သိမ်းကို အစိုးရသောသူ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကျွန်ုပ်တို့သည်လည်း သခင်ယေရှု ခရစ်တော်ကို မိမိ၏ သခင်ဆရာအဖြစ် လက်ခံနေရာ ပေးပြီးပြီလား။

၁၁၀း၂ တွင်ခရစ်တော်သည် ဤလောကကို အုပ်စိုးခြင်းနှင့် ပတ်သက်၍ ပရောဖက်ပြုထားသည် (ဗျာ ၂၀း၁-၇)။

၁၁၀း၃-၄ တွင် ခရစ်တော်သည် ယဇ်ပရောဟိတ် မင်းအရာနှင့် အုပ်စိုးသည်ကို ဖော်ပြထားသည် (ဟေဗြဲ ၅း၈)။

၁၁၀း၎ မာလခိဇေဒက် (Melchizedek) နှင့် ပတ်သက်၍ ကမ္ဘာဦးကျမ်း ၁၄ တွင်တွေ့ရသည်။ ယဇ်ပရောဟိတ်မင်း မာလခိဇေဒက် ကဲ့သို့ ခရစ်တော်သည် သူ၏ ဘုရားဖြစ်ခြင်းကို မည်သည့်အခါမျှ အလွဲသုံးစားပြုလုပ်ခြင်း မရှိခဲ့ပါ။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ ယဇ်ပရောဟိတ်မင်း အဖြစ် ကျယ်ပြန့်စွာ ဖော်ပြထားသည်။

၁၁၀း၅-၆ တွင် ခရစ်တော်သည် မကောင်းမှု အားလုံးအပေါ်၌ အောင်ပွဲခံမည့် နောက်ဆုံးသော စစ်ပွဲကို မျှော်မှန်း ပြောဆိုထားသည် (ဗျာ ၁၉း၁၁-၂၁)။

Continue… » »


« Prev . . . ၁၀၇ ၁၀၉ ဆာလံ ၁၁၀ ၁၁၁ ၁၁၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.