« Prev . . . ၁၁၃ ၁၁၄ ဆာလံ ၁၁၅ ၁၁၆ ၁၁၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၁၅

၁၁၅း၁-၁၈ ဤကျမ်းပိုဒ်သည် ဣသရေလ လူမျိုးများ အီဂျစ်ပြည်မှ ထွက်ခွာစဉ် ပြုသော ပဿခါပွဲတော် (Passover Festival) ကို ရည်ညွှန်းသည် (ထွက် ၁၁ – ၁၂)။

၁၁၅း၁ ဆာလံဆရာက မိမိ နာမည်ကြီးစေရန် မဟုတ်ဘဲ၊ ဘုရားသခင် နာမတော်သာ ဘုန်းကြီးစေရန် တောင်းဆိုခဲ့သည်။ တခါတရံ ကျွန်ုပ်တို့ လုပ်ဆောင်မှုများကို လူများ အာရုံစိုက် စေကြသည်။ ကျွန်ုပ်တို့ ဆုမတောင်းမီ မိမိကိုယ်ကို ဆင်ခြင်ရမည်မှာ ထိုဆုတောင်းချက်သည် မည်သူ့ နာမအား ချီးမွမ်းဖွယ်ရာ ဖြစ်စေပါသနည်း။

၁၁၅း၎-၈ ဣသရေလ လူမျိုးတို့သည် မမြင်ရသော ဘုရားသခင်ကို တန်ဖိုးမထားဘဲ၊ မိမိတို့ တန်ဖိုးထားသော၊ ရွှေငွေများဖြင့် ပြုလုပ်သော ဘုရား၊ ရုပ်တုများကိုသာ ကိုးကွယ်ကြသည်။

ကျွန်ုပ်တို့သည်လည်း မိမိတို့ မျက်မြင်ရသော အရာများကိုသာ တန်ဖိုးထား နေကြပါသလား။ မမြင်ရသော ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်မှု၊ ကယ်တင်ခြင်း၊ ကူညီမစခြင်း၊ ချစ်ခင်ဖွယ်ကောင်းသော မိသားစုနှင့် အချိန်ပေးခြင်းတို့ကို တန်ဖိုးမထား မိကြပေ။ အဆုံး၌ အနှစ်သာရ မဲ့မှုကိုသာ ခံစားကြရမည်ကို သတိထားပါ။

Continue… » »


« Prev . . . ၁၁၃ ၁၁၄ ဆာလံ ၁၁၅ ၁၁၆ ၁၁၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.