« Prev . . . ၁၂၀ ၁၂၁ ဆာလံ ၁၂၂ ၁၂၃ ၁၂၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၂၂
၁၂၂း၁ ဘုရားသခင်၏ အိမ်တော်သို့ သွားရောက်ခြင်းက ကျွန်ုပ်တို့အတွက် ပျင်းရိဖွယ်လော။ ဝမ်းမြောက်ဖွယ်လော။ ဆာလံဆရာမူကား ဝမ်းမြောက်စရာ ဖြစ်၏။ ဘုရားသခင်ထံ အပြစ်များကို ဝန်ချလျက် ကိုးကွယ်ဝတ်ပြုခြင်းသည် ဘုရားသခင်ထံ အပြစ်များကို ဝန်ချလျက် ကိုးကွယ် ဝတ်ပြုခြင်းသည် ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်းကို ခံစားရ၍ ဝမ်းမြောက်ဖွယ် ဖြစ်ပါသည်။ ဆာလံဆရာက မိမိအတွက် ဆုတောင်းခြင်းကို မပြုဘဲ၊ သူတစ်ပါးအတွက် ဆုတောင်းခြင်းဖြစ်သည်။ သင်သည်လည်း မိမိနှင့် စပ်ဆိုင် သူများအတွက် ဆုတောင်းပေးပြီးပြီလား။
၁၂၂း၆-၉ ငြိမ်သက်ခြင်း ဆိုသည်မှာ ပြဿနာကင်းသော အခြေအနေထက် သာ၍ကောင်းသော အခြေအနေ၊ ပြည့်ဝစုံလင်ခြင်း၊ ကျန်းမာခြင်း၊ တရားမျှတမှုရှိခြင်း၊ ကြွယ်ဝချမ်းသာခြင်း ဖြစ်သည်။ ဤကမ္ဘာ လောကကြီးသည် ထိုကဲ့သို့သော ငြိမ်သက်ခြင်းကို မပေးနိုင်ပါ။ စစ်မှန်သော ငြိမ်သက်ခြင်းသည် ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်သည်။ ဘုရားသခင်ထံ တောင်းခံပါ။
« Prev . . . ၁၂၀ ၁၂၁ ဆာလံ ၁၂၂ ၁၂၃ ၁၂၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »