« Prev . . . ၁၃၀ ၁၃၁ ဆာလံ ၁၃၂ ၁၃၃ ၁၃၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၃၂
၁၃၂ ဒါဝိဒ်သည် ဘုရားသခင်၏ ဗိမာန်တော်ကို တည်ဆောက်ရန် စိတ်ဆန္ဒပြင်းထန်ခဲ့သည်။ ဗိမာန်တော် တည်ဆောက်ရန် စီမံကိန်းများ ရေှးဆွဲမှသာ စိတ်သက်သာရာ ရခဲ့သည်။ သို့သော် သားဖြစ်သူ ရှောလမုန် (Solomon) သာ တည်ဆောက်ခွင့် ရခဲ့သည်။
ကျွန်ုပ်တို့သည်လည်း ဘုရားသခင် လုပ်ဆောင်လိုသော အရာများ ပြီးမြောက်အောင် မဆောင်ရွက်နိုင်မချင်း ကျေနပ်သူများ ဖြစ်လေအောင် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်သင့်သည်။
ဒါဝိဒ်အမျိုးမှ ဣသရေလတို့အား ဆက်လက်အုပ်စိုးမည့် ကတိတော်ကို ၂ ရာ ၇း၈-၂၉ ၌ တွေ့ရသည်။
(၁) ဒါဝိဒ်သားတို့သည် ပဋိညာဉ် တရားတော်ကို စောင့်ရှောက်လျှင် ဒါဝိဒ်၏ ပလ္လင်ပေါ်မှာ အမြဲထိုင်၍ အုပ်စိုးခွင့်ရမည်
(၂) ဒါဝိဒ်မျိုးဆက်သည် အစဉ်စိုးစံရမည်
ထိုအခြေအနေ နှစ်ရပ်တွင်
ကတိတော်အပိုင်း (၁) သည် ကာလအချိန် အကန့်အသတ်ရှိသည်။ ပဋိညာဉ်တရားကို စောင့်ရှောက်လျှင်ဟူသော အခြေအနေပေါ် မူတည်သည်။
ကတိတော်အပိုင်း (၂) သည် ကန့်သတ်မှုမရှိဘဲ ဒါဝိဒ်၏မျိုးနွယ် ယေရှုခရစ်အားဖြင့် ပြည့်စုံစေခဲ့သည်။ သခင်ယေရှုသည် ထာဝရ စိုးစံသော အရှင်ဖြစ်တော်မူသည်။
« Prev . . . ၁၃၀ ၁၃၁ ဆာလံ ၁၃၂ ၁၃၃ ၁၃၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »