❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း
အခန်း (၄)

နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

နိဒါန်း

နှစ်ခြင်းခရစ်ယာန် အသင်းတော်တို့အနေနှင့် သခင်ယေရှုခရစ်တော်ဘုရား သွန်သင်ပေးခဲ့သော မြင့်မြတ်သည့် မင်္ဂလာဝတ်ကြီးနှစ်ပါးရှိပါသည်။ ၎င်းတို့မှာ နှစ်ခြင်း မင်္ဂလာဝတ်နှင့် သခင်ဘုရား၏ ပွဲတော်မင်္ဂလာဝတ် ဖြစ်ပါသည်။ ထို့အပြင် နှစ်ခြင်းခရစ်ယာန်တို့သည် မိမိတို့၏ နေ့စဉ် အသက်ရှင်မှုနှင့် စပ်ဆိုင်၍ အသင်းတော်နှင့် လည်းကောင်း၊ သင်းအုပ်ဆရာ/ဓမ္မဆရာနှင့် လည်းကောင်း၊ ဖိတ်ခေါ်၍ ပြုလေ့ပြုထရှိသော အခြားမင်္ဂလာများလည်း ရှိပါသည်။ ၎င်းတို့မှာသိက္ခာတင်မင်္ဂလာ၊ လက်ထပ်ထိမ်းမြားမင်္ဂလာ၊ အသင်းတော် ဘောင်သွင်းခြင်းမင်္ဂလာ၊ ဗိမာန်တော် အနုမောဒနာ ပြုခြင်းမင်္ဂလာ၊ ကလေးသူငယ် ဆက်ကပ်ခြင်းမင်္ဂလာ၊ ကျေးဇူးတော်ချီးမွမ်းခြင်းမင်္ဂလာ (အထွေထွေ) အစရှိသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ဖော်ပြပါမင်္ဂလာဝတ်များအနက်-

၁။ နှစ်ခြင်းမင်္ဂလာဝတ်
၂။ ပွဲတော်မင်္ဂလာဝတ်
၃။ သိက္ခာတင်မင်္ဂလာ
၎။ လက်ထပ်ထိမ်းမြားခြင်

မင်္ဂလာတို့ကို နှစ်ခြင်းအသင်းတော်တို့ အနေဖြင့် စီစဉ်ဆောင်ရွက် ကျင့်သုံးမှုတို့ကို ဆက်လက်ဖော်ပြပါမည်။ ထိုသို့ဖော်ပြရာတွင် လေ့လာမှတ်သားမှု လွယ်ကူစေရန်-

စီရင်ခွင့်ရှိသူ၊ စီရင်သူ၊ ခံယူခွင့်ရှိသူ၊ စီရင်ကျင်းပသည့်နေရာ၊ စီရင်ကျင်းပသည့်အချိန်ကာလ၊ စီရင်ပုံနှင့် မှတ်ချက်ဟူ၍ ကဏ္ဍခွဲလျက် တင်ပြမည် ဖြစ်ပါသည်။

Continue… » »


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.