« Prev နိဒါန်း ဆာလံ ၁ ၂ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁
၁း၃ ပြုလေသမျှတို့၌ အောင်လိမ့်သတည်းဟူသော စကားစုသည် အခက်အခဲ ဒုက္ခပြဿနာ ဆုံးရှုံးမှုများကို ဘယ်သောအခါမျှ မတွေ့ကြုံရဟု မဆိုလိုပါ။ ကျန်းမာမည်၊ ချမ်းသာမည်၊ ပျော်ရွှင်မည် ဟုလည်း အာမခံထားခြင်း မဟုတ်ပါ။ အဓိပ္ပါယ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ အသက်တာ၌ ပေါ်လွင် လာစေသည်နှင့်အမျှ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများသည် ကောင်းမြတ်တော်မူသော ဘုရားသခင်၏ အားပေးထောက်ခံသော လုပ်ဆောင်မှုများ ဖြစ်လာမည်ကို ဆိုလိုသည်။ အပင်ကောင်း တစ်ပင်သည် အနံ့အရသာ၊ အရောင်အဆင်းနှင့် ပြည့်ဝသော အသီးကို သီးသကဲ့သို့ ကျွန်ုပ်တို့ အသက်တာတွင်လည်း ဘုရားသခင်၏ ဂုဏ်တော် နှုတ်ကပတ်တော်ကို ဖော်ဆောင်သော အပြုအမူ၊ အလုပ်အကိုင်၊ အကျင့်အကြံများနှင့် ပြည့်ဝနေခြင်း ဖြစ်သည်။ တန်ဖိုးရှိသော မည်သည့်အရာ တစ်ခုခုကို မဆို ရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ အစဉ်ရှိနေရန် လိုသည်။
၁း၎ အဆင်းလှသော ဆန်ကို ရရှိရန်အတွက် စပါးခွံကွဲများကို ဖယ်ထုတ်ရသည်။ ကောက်ရိတ် သိမ်းပြီးနောက် စပါးများကို ကောက်တလင်းတွင် နင်းနယ်ရသည်။ ပြီးမှသာ စပါးလှေ့ရသည်။ ထိုအခါ စပါးခွံများ၊ ဖွဲများသည် အလွန်ပေါ့ပါးသောကြောင့် လေတိုက်သောအခါ အဝေးသို့ လွင့်ပါသွားသည်။ ကောင်းသော စပါးစေ့များမှာ မြေသို့ကျလာသည်။ စပါးခွံဖွဲများသည် ယုံကြည်ခြင်း ကင်းမဲ့သော အသက်တာ၊ ဦးတည်ချက်ကင်းမဲ့စွာ လှုပ်ရှားသော အသက်တာကို ပုံဆောင်သည်။ ကောင်းသော စပါးစေ့သည် ယုံကြည်ခြင်းနှင့် ပြည့် ဝသော အသက်တာကို ပုံဆောင်သည်။ ဘုရားသခင် အသုံးပြုနိုင်သော အသက်တာလည်းဖြစ်သည်။ ကျွန်ုပ်တို့ လူသားများအတွက်မူ မည်သည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြမည်ကို ရွေးချယ်နိုင်ပေသည်။
« Prev နိဒါန်း ဆာလံ ၁ ၂ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »