« Prev . . . ၄၉ ၅၀ ဆာလံ ၅၁ ၅၂ ၅၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၅၁

၅၁း၁၀ ကျွန်ုပ်တို့သည် မွေးစကပင် အပြစ်ပါလျက်ရှိပါသည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုတော်ထက် မိမိအလိုဆန္ဒ ပြည့်ဝမှုကိုသာ ဦးစားပေးခဲ့ကြသည်။

ထို့ကြောင့် နှလုံးသားအတွင်း ပြုပြင်ခြင်းကို ပေးဖို့ ဘုရားသခင်ထံ တောင်းလျောက်ပါ။

၅၁း၁၂ သင်တို့သည် တခါတရံ အပြစ်ပြုမိ၍ ဘုရားသခင်နှင့် ဝေးကွာသည်ဟု ခံစားရပါသလား။ ဒါဝိဒ်လည်း ထိုကဲ့သို့ ခံစားခဲ့ပါသည်။ ကယ်တင်ခြင်းနှင့် ယှဉ်သော ဝမ်းမြောက်ခြင်း မဆုံးရှုံးစေရန် တောင်းခံခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူနှင့်နီး၍ ကြွယ်ဝပြည့်စုံသော အသက်တာကို ရရှိခံစားလို၏။ ထို့ကြောင့် မဝန်ချရသေးသော အပြစ်များကို ဝန်ချပါ။ ဘုရားသခင်နှင့် မိတ်သဟာရ ပြုခြင်းကို ပြန်လည်စတင်ပါ။

၅၁း၁၃ ဘုရားသခင်၏ အပြစ်လွှတ်ခြင်းကို ခံစားရရှိလာသည်နှင့်အမျှ အသက်တာတွင် ပျော်ရွှင်ငြိမ်သက်ခြင်းကို ခံစားလာရမည်။ ထိုအရာများကို အခြားသူများထံ ဝေငှပါ။

၅၁း၁၇ ဘုရားသခင်သည် ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို အလိုတော်ရှိပါသည်။ အပြင်ပန်း သဏ္ဍာန်သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ပါ။ ဘုရားသခင်သည် နှိမ့်ချသော သင့်ကို အလိုရှိပါသည်။

Continue… » »


« Prev . . . ၄၉ ၅၀ ဆာလံ ၅၁ ၅၂ ၅၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.