« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « ဆာလံကျမ်းမှ မာတိကာ

ဆာလံကျမ်းရှိ ဆုတောင်းချက်များ

ဆုတောင်းခြင်းသည် လူနှင့် ဘုရားရှင် ဆက်သွယ်ခြင်း ဖြစ်သည်။ ဆာလံကျမ်းသည် ဆုတောင်းသီချင်းများကို စုစည်းထားသော ကျမ်းဖြစ်သည်။ ဤဆုတောင်းချက်များ၏ ထူးခြားချက်များမှာ ထိန်ချန်မှု မရှိဘဲ ရိုးသားပွင့်လင်းစွာ ဆုတောင်းကြခြင်း ဖြစ်သည်။ ထိုဆုတောင်းချက်များ၌ အခြားသူများ မသိစေလိုသော ခံစားချက်များကို ဘုရားသခင်ထံ လျှောက်တင်ထားသည်။ ထိုဆာလံကျမ်းကို ကျွန်ုပ်တို့၏ ဆုတောင်းချက်များ ဖြစ်စေသောအခါ၌ ဘုရားရှင်သည် ကျွန်ုပ်တို့နှင့် မည်မျှ မိဿဟာရ ပြုလိုကြောင်း သိလာသည်။ ကြိမ်ဖန်များစွာ ကျွန်ုပ်တို့သည် ခံစားချက်များကို ထိန်ဝှက်လျက် အပေါ်ယံ ဆုတောင်းတတ်ကြသည်။ သို့သော် ဆာလံကျမ်းများအားဖြင့် ကျွန်ုပ်တို့၏ ခံစားချက်များကို ဖော်ပြသောအခါ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ရိုးသားမှု၊ ပွင့်လင်း တည်ကြည်မှုကို မည်မျှ တန်ဖိုးထားကြောင်း တွေ့လာရပေမည်။

ဆာလံဆရာတို့သည် ဆုတောင်းချက် အမျိုးမျိုးကို အောက်တွင် ဖော်ပြထားသည်။ ဆာလံဆရာတို့သည် အကြောင်း အမျိုးမျိုးအတွက် ဘုရားသခင်အား နည်းလမ်း အမျိုးမျိုးဖြင့် ဆက်သွယ်ကြသည်။ ကျွန်ုပ်တို့ တစ်ဦးစီနှင့်လည်း ဘုရားသခင်သည် ဆက်သွယ်လိုသည်။ ဤဆာလံကျမ်းများကို ဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့၏ ဆုတောင်းခြင်း အသက်တာကို တိုးတက်ကြီးပွားစေသည်။

Continue… » »


« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.