« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
လေ့လာမြတ်နိုးထိုက်သော ဆာလံကျမ်း
လူတိုင်းသည် ဆာလံကျမ်း ၂၃ နှင့် ရင်းနှီးကြမည်။ အဘယ်ကြောင့်ဆိုသော် ဆာလံ၂၃ ကို မကြာခဏပင် အသုံးပြုလေ့ ရှိသောကြောင့်ဖြစ်သည်။ အခြားဆာလံကျမ်းများကိုလည်း တေးသီချင်းများ၊ စာပေများ၊ တရားဟောချက်များ၌ ကိုးကားလေ့ရှိသောကြောင့် ကျွန်ုပ်တို့ အကျွမ်းတဝင် ရှိပေမည်။
ကျွန်ုပ်တို့ချစ်သော၊ သိသော ဆာလံကျမ်းများသည် ကျွန်ုပ်တို့ လိုအပ်သော အချိန်များ၌ ပေါ်လာသော ကျမ်းများဖြစ်သည်။ ထိုကျမ်းများသည် ဘုရားရှင်ထံမှ အသံတော်ကို မျှော်လင့်နေသော အချိန်များ၌ ကျွန်ုပ်တို့အား ခွန်အား၊ နှစ်သိမ့်မှုကို ဖြစ်စေသော လမ်းမှန်ကို ပြန်လည်ပို့ဆောင် ပေးသော ကျမ်းများဖြစ်သည်။ သင်သည် ဆာလံကျမ်းကို အာဂုံဆောင်လိုလျှင် အောက်ပါကျမ်းများကို ရှေးဦးစွာ ကျက်မှတ်ပါ။ သင့်အား တိုက်ရိုက်စကားပြောသောကျမ်းပိုဒ် (သို့) ကျမ်းတစ်စောင်လုံးအား ကျက်မှတ်ပါ။ သို့မဟုတ် ဆာလံကျမ်းအား သင်၏ တစိတ်တစ်ဒေသ ဖြစ်သည်အထိ အသံကျယ်ကျယ်ဖတ်ပါ။
ဆာလံကျမ်း | |
---|---|
ဘုရားရှင်၏ ရှေ့တော်သို့ ကျွန်ုပ်တို့အား တိုးဝင်စေသောကျမ်း | ၂၉၊ ၉၅၊ ၁၀၀ |
ကောင်းမြတ်ခြင်းနှင့် စပ်ဆိုင်သောကျမ်း | ၁၊ ၁၉၊ ၂၄၊ ၁၃၃၊ ၁၃၆၊ ၁၃၉ |
နောင်တရခြင်းနှင့် အပြစ်လွှတ်ခြင်း | ၈၊ ၉၇၊ ၁၀၃၊ ၁၀၇၊ ၁၁၃၊ ၁၄၅၊ ၁၅၀ |
ခက်ခဲမှုများကို ကြုံတွေ့ရစဉ် | ၃၊ ၁၄၊ ၂၂၊ ၃၇း၁-၁၁၊ ၄၂၊ ၄၆၊ ၅၃၊ ၁၁၆-၁၁၇ |
ယုံကြည်စိတ်ချကိုးစားခြင်း | ၂၃၊ ၄၀း၁-၄၊ ၉၁၊ ၁၁၉း၁၁၊ ၁၂၁-၁၂၇ |
« Prev . . . ၁၄၉ ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »