« Prev . . . ၂၃ ၂၄ ဆာလံ ၂၅ ၂၆ ၂၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂၅

၂၅း၁၂ ကျွန်ုပ်တို့ အဘယ်ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရပါသနည်း။ သန့်ရှင်းတော် မူသောဘုရား၊ တန်းခိုးနှင့် ပြည့်စုံတော် မူသောအရှင်၊ ဖြောင့်မတ်၍ ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်သောသူ ဖြစ်သောကြောင့်တည်း။

ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ် ခြင်းဖြင့် အလိုတော် ရှိရာလမ်းသို့ ပို့ဆောင်တော် မူမည်။ ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့သည် ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲ့ရသော အခွင့်ကို ရကြမည်။ ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ခံကြရမည်။ ကျွန်ုပ်တို့ဘဝ၏ ဆိုးဝါးသောအရာများကို ကောင်းကြီးများအဖြစ် ပြောင်းလဲပေးနိုင်သည်။ လိုအပ်သည်မှာဒါဝိဒ်ကဲ့သို့ ကျွန်ုပ်ကို မျက်နှာလွှဲတော် မမူပါနှင့်။ ကယ်မသနားတော်မူပါဟု တောင်းလျောက်ရန်ဖြစ်သည်။ ဘုရားသခင်မှ ပြောင်းလဲပေးမည်ဟု ကတိပေးထားသည်။

သင့်အသက်တာေ ခြေလှမ်းတိုင်းကို ဘုရားသခင် ပြောင်လဲပေးဖို့ စိတ်ဆန္ဒ ရှိပါရဲ့လား။ ဘုရားသခင် ဖက်သို့သာ ဦးတည်လိုက်ပါလေ။ ဆာလံဆရာက သူ၏ ခြေလှမ်းတိုင်းကို ဘုရားသခင်တန်ခိုးပေး၍ ကွယ်ကာပါမည်အကြောင်း တောင်းပန်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းကို ပေးတော်မူသည်။

သဘောဖြောင့်ခြင်းသည် အရာရာတိုင်းကို ဘုရားသခင် တတ်နိုင်သည်။ ကျွန်ုပ်ဘာမှ မတတ်နိုင်ပါဟု ဝန်ခံခြင်းဖြစ်သည်။ အပြစ်ကင်းခြင်းသည် ကျွန်ုပ်တို့ လုပ်ဆောင်မှုမဟုတ် ဘုရားသခင် လုပ်ဆောင်ခြင်း ဖြစ်သည်ကို ဝန်ခံခြင်းဖြစ်သည်။

အသက်တာ လျှောက်လှမ်းစဉ်တွင် ဘုရားသခင်၏ နည်းလမ်းဖြင့်သာ လျှောက်လှမ်းရပါမည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုသည် ပြည့်စုံခြင်းမရှိ၊ ဘုရားသခင်သည်သာ အောင်မြင်ခြင်းနှင့် ပြည့်စုံနိုင်သည်ကို ခံယူရမည်။

Continue… » »


« Prev . . . ၂၃ ၂၄ ဆာလံ ၂၅ ၂၆ ၂၇ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.