« Prev အမှာစာ အခန်းကြီး ၁ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians

အမှာစာ

ကောင်းကင်ဘုံနှင့် ပတ်သက်သည့် ကျမ်းပိုဒ် အထောက်အထား အချို့ကို ဖေါ်ပြရလျှင်

‘ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုးသားတို့အား ပြန်ပြောသော စကားဟူမူကား၊ ငါသည်ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ’ (ထွက် ၂၀း၂၂)။

‘ကောင်းကင်ဘုံ၌ ရှိတော်မှုသော ကျွန်ုပ်တို့၏ အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော’ (မဿဲ ၆း၉ )။

‘ထိုသို့ သခင်ဘုရာသည် တပည့်သော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာဘယ်၌ ထိုင်တော်မူ၏’ (မာကု ၁၆း၁၉)။

‘ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည် ဖြစ်၍၊ ကောင်းကင်တမန် အစရှိသော အာဏာစက် တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရှိတော်မူ၏ (၁ ပေ ၃း၂၂)။

‘ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူများတို့၏ အသံကြီးကား၊ ဟာလေလုယာ၊ ငါတို့ ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေ တန်ခိုးတော်ပေတည်း’ (ဗျာဒိတ် ၁၉း၁)။

ငရဲနှင့် ပတ်သက်သော ကျမ်းပိုဒ်အချို့ကိုလည်း ဖေါ်ပြလိုပါသည်။

ယေရှုခရစ်တော်က၊ ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသော သူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ ထို့ကြောင့် လင်္ကျာမျက်စိဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုမျက်စေ့ကို ထုတ်ပစ်လော့။

‘တကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခု ပျက်သော် သာ၍ကောင်း၏’ (မ ၅း၂၉)။

‘အဘယ်သူကို ကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓာကို သတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့’ (လုကာ ၁၂း၎)။

Continue… » »


« Prev အမှာစာ အခန်းကြီး ၁ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.