« Prev အမှာစာ ၁ အခန်းကြီး ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၂
၂း၁၇-၂၀ ရှင်ပေါလုသည် သူ၏ ဝိညာဉ် သားသမီးများ ဖြစ်ကြသော သက်သာလောနိတ် အသင်းသားများအား လွန်စွာမှ လွမ်းဆွတ်ကြောင်း တွ့ရ၏။ ဝိညာဉ်သားသမီးများ ရှိရာသို့လာရန် ရှင်ပေါလု နှစ်ကြိမ်တိုင်တိုင် ကြိုးစားသော်လည်း စာတန် (Satan) ဆီးတာလေ၏ဟု ဖေါ်ပြ၏။ စာတန်မာရ်နတ် (Satan the Devil) သည် အကယ်ပင်ရှိ၍ အလုပ်ကို အလွန်ကြိုးစား လုပ်လျက်ရှိ၏။ ၂ ကော ၄း၎ တွင် စာတန်အား ‘ဤလောကကို အစိုးရသော ဘုရား’ ဟု၍၎င်း၊ ဧဖက် ၂း၂ တွင် ‘အာကာသ ကောင်းကင်ကို အစိုးရသောမင်း’ ဟူ၍၎င်း၊ ဧဖက် ၆း၁၂ တွင် ‘ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန် ရကြသည်မဟုတ်၊ အထွဋ္ဋ်အမြတ်တို့နှင်း၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုသော မင်းတို့နှင့်၎င်း၊ မိုယ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရ၏’ ဟူ၍၎င်း ဖေါ်ပြချက်များကို တွေ့ရသည်ဖြစ်၍ ထိုဖေါ်ပြချက်များမှ စာတန်၏ အင်အားကို မှန်းဆယူ၍ ရပါသည်။ သက်သာလောနိတ်မြို့မှ လူများ၊ ခရစ်တော်မေတ္တာဖြင့် ပို့ဆောင်တော်မူသော ကောင်းကင်ဘုံသို့ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်ကို စာတန်မာရ်နတ် မရှုစိမ့်ပါ။ မိမိနှင့်အတူ ငရဲထဲတွင် ထာဝရ ဒုက္ခခံမည့် ဘက်တော်သားများကို သူသည် တတ်နိုင်သမျှ လုယူစုဆောင်းလျက်ရှိ၏။ ထို့ကြောင့် ၁ ပေ ၅း၈ တွင် ‘သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ် (Devil) သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏ သို့ဖြစ်၍ လူ့ပြည်အရပ်ရပ်၌ ရှိသော သင်တို့ ညီအစ်ကိုများ တို့သည် ထိုသို့သော ဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတားကြလော့’ ဟူ၍ သတိပေးထားချက်ကို တွေ့ရသည်။
ရှင်ပေါလုသည် ဒုက္ခဆင်းရဲ အမျိုးမျိုးကို ခံရသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ ထိုဝမ်းမြောက်ခြင်းကား လောကနှင့် စပ်ဆိုင်သော၊ ရာထူး၊ ရွှေငွေဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှု မဟုတ်ပါ။ သခင်ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူသောအခါ သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများသည် ယေရှုခရစ်တော်၏ ရှေ့၌ ရပ်လျက် ဝမ်းမြောက်စွာဖြင့် ယေရှုခရစ်တော်ကို ကြိုဆိုနိုင်ကြမည် ဖြစ်သောကြောင့်ဖြစ်၏။