« Prev အမှာစာ ၁ ၂ ၃ အခန်းကြီး ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၎
၎း၁၃-၁၈ သက်သာလောနိတ် အသင်းသားများ မရှင်းလင်းသော အချက်တစ်ခုကို ရှင်ပေါလု ထပ်မံသတိပေး ရှင်းပြခဲ့သည်။ သက်သာလောနိတ် အသင်းသားများ ထင်မှတ်နေသည်မှာ ယေရှုခရစ်တော်သည် မိမိတို့နှင့်တကွ မိမိတို့ဆွေမျိုး၊ မိတ်ဆွေများ မသေဆုံးမီ ပြန်လာမည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း သူတို့၏ မျက်စိရှေ့တွင် ဆွေမျိုး၊ မိတ်ဆွေများ တစ်ဦးပြီးတစ်ဦး သေဆုံး သွားသောအခါ သူတို့စိတ်ပျက်ကြသည်။ ရှင်ပေါလုတို့ ဟောကြားခဲ့သော ခရစ်တော် ဒုတိယအကြိမ် ကြွလာမည့် အကြောင်းနှင့် ပတ်သက်၍ သံသယ စိတ်များ ဝင်လာသည်။ ထိုအကြောင်းကို ရှင်ပေါလု ကြားသိသောအခါ ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းစွာ သိကြရန် ဤသို့ ထပ်မံရှင်းပြသည်။
မျှော်လင့်ခြင်း မရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သက်သာလောနိတ် အသင်းသားများ၊ ဝမ်းမနည်းကြရန်၊ ယေရှုခရစ်တော်၌ အိပ်ပျော်သော သူတို့နှင့် ပတ်သက်၍ ရှင်းလင်းစွာထပ်မံ၍ ရှင်းပြပါသည်။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက် စေတော်မူသည့် နည်းတူ၊ ထိုယေရှုကို ယုံကြည်သော သူတို့အားလည်း ဘုရားသခင်သည် ထိုကဲ့သို့ပင် ပြုတော်မူလိမ့်မည်။
သခင်ယေရှု မိန့်မှာတော် မူခဲ့သည့် ဗျာဒိတ် (Revelation) စကားကို ပြန်လည် ရှင်းပြရမည် ဆိုလျှင်၊ သခင်ဘုရား တဖန် ကြွလာတော် မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော သူတို့သည် သခင်ခရစ်တော်၌ အိပ်ပျော်ပြီးသော သူတို့ထက်ဦး၍ မိုးကောင်းကင်သို့ ချီဆောင်ခြင်းကို ခံရမည်မဟုတ်ပါ။
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်များ၏ အသံပေးခြင်း၊ တံပိုးတော်ကို မှုတ်ခြင်းများနှင့် တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင် သက်ဆင်းတော်မူမည်။ ထိုအခါ ခရစ်တော်၌ သေလွန်သောသူ (အိပ်ပျော်သောသူ) တို့သည် ဦးစွာထမြောက် ကြလိမ့်မည်။ ထိုသူတို့ ထမြောက်ပြီးမှ အသက်ရှင်သော သူတို့နှင့် အတူတကွ မိုယ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရမည်ဖြစ်ပြီး၊ ၎င်းနောက်ပိုင်းတွင် ဘုရားသခင်နှင့် အတူ အစဉ်မပြတ် နေရကြမည်ဖြစ်ကြောင်း သိရှိထားကြရန်နှင့် အချင်းချင်းတို့ အားလည်း ခွန်အားပေး တိုက်တွန်းကြရန် မှာကြားလိုက်၏။
ယေရှုခရစ်တော် ဒုတိယအကြိမ် ပြန်လည် ကြွလာမည့် အကြောင်းကို လူတိုင်း သိထားရန် လိုပါသည်။