« Prev အမှာစာ ၁ ၂ ၃ အခန်းကြီး ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၎
ယေရှုခရစ်တော် တည်းဟူသော သိုးသငယ်သည် “ပဉ္စမတံဆိပ်ကို ဖွင့်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်မျာကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ကလည်း သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသော အရှင်၊ မြေကြီးပေါ်မှာ နေသောသူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်၊ ဒဏ်မပေးဘဲ အဘယ်မျှလောက် ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကို ခံရလတံ့သော မိမိ လုပ်ဘော်ဆောင်ဘက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့ မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။” (ဗျာဒိတ် ၆း၁၀-၁၁)
အသင်၊ စာဖတ်သူ “ ခဏငြိမ်သက်စောနေကြဦး ”ဟု ယေရှုခရစ်တော် မိန့်တော်မူပြီး မည်သို့ဆက်လက်၍ ဖြစ်ဦးမည်ကို သင် သိလိုမည် ထင်သောကြောင့် အနည်းငယ် ဆက်လက်၍ ဖေါ်ပြလိုပါသည်။
”ဆဌမ တံဆိပ်ကို ဖွင့်သောအခါ၊ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘော သဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ကျ ကြ၏။ မိုယ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှ ရွှေ့ကြ၏။ လောကီဘုရင်၊ မူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောလျက်နေ၍ ထိုတောင်များ ကျောက်များ တို့ကိုခေါ်လျက်၊ ငါ့တို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင် မည်နည်းဟု ပြောဆိုကြ၏။“ (ဗျာဒိတ် ၆း၁၂-၁၇)
ဤထက် ပြည့်စုံစွာသိလိုပါက ဗျာဒိတ်ကျမ်းကို ဆက်လက် ဖတ်ရှုပါရန် မေတ္တာနှင့် အကြံပေးပါသည်။
သက်သာလောနိတ် သြဝါဒစာကို ဆက်လက်လေ့လာ ကြပါစို့။