« Prev အမှာစာ အခန်းကြီး ၅ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians

အခန်းကြီး ၅

၅း၁၄-၂၄ တစ်ချိန်တစ်ခါက ခရစ်ယာန်များကို သတ်ဖြတ်ခဲ့သော ရှင်ပေါလု၏ သက်သာလောနိတ် အသင်းသားများအား ဆုံးမပုံကို ဆက်လက်လေ့လာ ကြပါဦးစို့။

  • မတရားသဖြင့် ပြုသောသူတို့ကို သတိပေးကြရန်
  • စိတ်ငယ်သော သူတို့ကို အားပေးကြရန်။
  • အားနည်းသော သူတို့ကို ထောက်မကြရန်
  • လူခပ်သိမ်းတို့အပေါ် စိတ်ရှည်စွာ ထားကြရန်
  • တစ်ဦးနှင့်တစ်ဦး ရန်တုံ့မမူမိရန်
  • အချင်းချင်း၌၎င်း၊ တပါးသူ၌၎င်း၊ အစဉ်မပြတ် ကျေးဇူးပြုရန်
  • အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိရန်
  • မခြားမလပ် ဆုတောင်းပဌနာ ပြုရန်
  • အရာရာတို့၌ ကျေးဇူးတော်ကို ချီးမွမ်းတတ်ရန်

သတိပေးခဲ့၏ ထိုကဲ့သို့ သတိပေး ရခြင်းသည် အခြားကြောင့်မဟုတ်၊ ယေရှုခရစ် ကိုယ်တော်တိုင် ထိုကဲ့သို့ အလိုရှိသောကြောင့် ဖြစ်ကြောင်း ဖေါ်ပြ၏။

ဇာတိအားဖြင့် အပြစ်မပြုမိ ရန်မှာ ကြားယုံမျှမက ဝိညာဉ်ရေးရာ ဘက်၌ အမှားမပြုမိရန် မှာကြားပြန်သည်မှာ-

  • ဝိညာဉ်တော် အရှိန်ကို မငြိမ်းစေကြရန်
  • ပရာဖက်ပြုခြင်းကို မထီမဲ့မြင် မမှတ်ကြရန်
  • ခပ်သိမ်းသော အရာကို စုံစမ်း၍ ကောင်းသောအရာကို အမြဲစွဲကိုင်ရန်
  • မကောင်းသော အမှုရှိသမျှတို့ကို ရှောင်ရန် စသည်တို့ ပါဝင်သည်

ငြိမ်သက်ခြင်းအရှင်၊ ဘုရားသခင် ကိုယ်တော်တိုင် ထံမှလည်း၊ ယုံကြည်သူ ခရစ်ယာန်များကို အကုန်အစင် သန့်ရှင်းစွာ နေထိုင်၊ သွားလာ၊ ပြောဆိုပြုမူ တတ်ရန်၊ အစဉ်အမြဲ သွန်သင်ညွှန်ပြစေရန်၊ သခင်ယေရှုခရစ် ကြွလာတော် မူသောအခါ ယုံကြည်သူ ခရစ်ယာန်တို့၏ ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ် အပေါင်းတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွှတ်စေရန် အစဉ်အမြဲ စောင့်ရှောက်မှုပေးရန် ရှင်ပေါလု ဆုတောင်း မေတ္တာပို့ပြီး၊ ခေါ်တော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံသဖြင့် သူ့အပေါ်သစ္စာရှိသော သားသမီးတို့အပေါ် သူသည်လည်း သစ္စာနှင့်စောင့်ရှောက် မည်ဖြစ်ကြောင်း အားပေးတိုက်တွန်း လိုက်၏။

Continue… » »


« Prev အမှာစာ အခန်းကြီး ၅ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.