« Prev အမှာစာ အခန်းကြီး ၁ ၂ ၃ Next »
သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်
2 Thessalonians
အခန်းကြီး ၁
၁း၎ သက်သာလောနိတ် အသင်းသားများသည် ညှင်းဆဲခြင်းကို ခံရသော်လည်း သည်းခံခြင်းရှိသည်။ ယုံကြည်ခြင်းလည်း မပျက်ပြားခဲ့ပါ။ ထိုသူတို့ အတွက်ကြောင့် ရှင်ပေါလုတို့ ဝါကြွားနိုင်ခဲ့သည်။
သည်းခံခြင်း အမွေကို ခရစ်ယာန်တို့ မည်သူ့ထံမှ ရသနည်း။ ယေရှုခရစ်တော်ထံမှ ရခြင်းဖြစ်ပါသည်။ ယေရှုခရစ်တော်အား လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်း မပြုမိ ခရစ်တော်သည် နည်းမျိုးစုံဖြင့် အရှက်ခွဲ ခံတော်မူခဲ့သည်။ မျက်နှာတော်ကို တံတွေးထွေးခံရ၏။ လက်သီးထိုး ခံရ၏။ ပါးရိုက်ခံရ၏။ အဘယ်သူ လက်သီးနှင့် ထိုးသည်ကို ပရောဖတ်ပြုပါဟု ပြက်ရယ်ပြုခံရ၏။ အဝတ်တော်ကိုချွတ်ပြီး နီသောဝတ်လုံကို ခြုံစေခြင်းခံရ၏။ ဆူးပင်နှင့်ရက်သော ဦးရစ်ကို သရဖူအဖြစ် ခေါင်းတော်ပေါ်၌ အတင်ခံရ၏။ ဆူးဦးရစ်၏ အဆိပ်ဆူးများကြောင့် ဦးခေါင်းတော်မှ သွေးများယိုစီး ခဲ့ရ၏။ ကျူတစ်လုံးကိုလည်း လင်္ကျာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်၌ ဒူးထောက်လျက် ယုဒ (Jude) ရှင်ဘုရင် ကိုယ်တော်၌ မင်္ဂလာရှိစေသတည်းဟု ပြက်ရယ်ပြုခြင်းခံခဲ့ရ၏။ လက်ဝါးကပ်တိုင်ကိုလည်း ကိုယ်တော်တိုင် ထမ်းစေ၏။ လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်း ခံရစဉ်၌ပင် လမ်းပေါ်တွင် သွားလာသော သူများ၏ ပြည်ရယ်ပြုခြင်းကို ခံရ၏။ ဘုရားသခင်၏ သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းရန်ပြောကြ၏။ ဗိမ္မာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်ဆောက်မည့်သူသည် မိမိကိုယ်ကို မကယ်နိုင်ပါတကား ဟူ၍ ကားတိုင်ပေါ်တွင် ဝေဒနာခံနေရ စဉ်တွင်ပင် ကဲ့ရဲ့ခြင်းကို ခံနေရ၏။ မိမိကို ဤမျှ ဒုက္ခပေးသော လူအပေါင်းတို့ကို သခင်ယေရှုသည် တိုတောင်းလှသော မိမိအသက်ရှင် ရတော့မည့် အချိန်ပိုင်းတွင် “အိုအဘ၊ သူတို့၏ အပြစ်ကို လွှတ်တော်မှုပါ။ သူတို့သည် ကိုယ်ပြုသော အမှုကို မသိကြပါ” ဟူ၍ပင် ခမည်းတော်ဘုရားထံ တောင်းပန်မှုပင် ပြုခဲ့သေးသည်။ ဒုက္ခဆင်းရဲ၊ ညှဉ်းပန်းမှုကို သည်းခံခွင့်လွှတ်တော်မူခဲ့သော မေတ္တာကြီးမားလှသည့် ယေရှုသခင်ကို နားလည်မှု မှားသောသူသည် လွန်စာမှ သနားစဖွယ်ကောင်းသူသာ ဖြစ်သည်။