« Prev အမှာစာ ၁ အခန်းကြီး ၂ ၃ Next »
သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်
2 Thessalonians
အခန်းကြီး ၂
၂း၅-၈ …
ထိုအဖြစ်ဆိုးမျိုးနှင့် မည်သူရင်ဆိုင် လိုသနည်း။ မည်သူ ရင်ဆိုင်ဝံ့သနည်း။ ယေရှုခရစ်တော်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုလမ်းမှားကို မရွေမိစေရန် ကိုယ်တော်တိုင် လောကသို့ ကြွလာတော် မူခဲ့ပြီးဖြစ်သည်။
“ ငါသည် လမ်းခရီးဖြစ်၏။ သမ္မတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟု ယော ၁၄း၆ တွင် မေတ္တာနှင့် ယေရှုသတိ ပေးခဲ့သည့်စကားသည် နှစ်ပေါင်းနှစ်ထောင်ပင် ကြာခဲ့ပြီ။ သေခြင်းကိုအောင်မြင်၍ မနေ့၊ ယနေ့ နောင်ကာလတွင် ထာဝရ တည်ရှိနေမည့် ယေရှုခရစ်တော်၏ စကားသည် ဟောင်းနွမ်းပျက်စီး သွားခြင်းမရှိ၊ လူသားအပေါင်းတို့ ပို၍ လွယ်ကူစွာ ထိုမေတ္တာစကား များကိုကြား သိရန်၊ အချိန်မီ ကယ်တင်ခြင်း ဆုကျေးဇူးကို လူသားတိုင်း ရရှိရန် စာပေအားဖြင့်တမျိုး၊ စကားများအားဖြင့်တဖုံ၊ ရေဒီယို လေလှိုင်းသံများဖြင့်တနည်း၊ ရုပ်မြင်သံကြာများဖြင့်တလမ်း၊ စသည့် နည်းလမ်းမြောက်မြားစွာဖြင့် ယေရှုခရစ်တော်သည် ထာဝရ ငရဲမီးထဲသို့ လှမ်းသွားလျက်ရှိသော သားတော်၊ သမီးတော်များကို ပဲ့တင်သံဖြင့် နေ့ညမပြတ် ဘိတ်ခေါ်လျက် ရှိနေပါ၏။ တို့ပြန်ရန်မှာ မိမိ တစ်ဦးစီ၏ တာဝန်သာဖြစ်၏။ ထိုအစီအစဉ်များတွင် ပါဝင်အသုံးပြုခြင်းခံရသော လူပေါင်းမြောက်မြားစွာသည် နေ့စဉ် အဟန့်အတား အမျိုးမျိုး ညှဉ်းပမ်နှိပ်စက်မှု အမျိုးမျိုးကို ကမ္ဘာတဝှမ်းလုံး၌ ခံစားနေကြရသည်။ ညှဉ်းဆဲသူနှင့် ညှဉ်းဆဲခံရသူတို့၏ အမည်စာရင်း ပေါင်းချုပ်ကို နောက်ဆုံးသောနေ့၌ ကောင်းကင်တမန်သည် ကမ္ဘာလူသားများ ရှေ့၌ ဖတ်ကြားပါလိမ့်မည်။ (ဗျာဒိတ် ၂၀း၁၂)