❮ Prev နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁
၁း၂ ‘မြေကြီးသည် အဆင်းသဏ္ဍန်မရှိ၊ လွတ်လပ်လဟာ ဖြစ်၏’ ဟု ရေးသားထား ချက်သည် ဖန်ဆင်းခြင်း အစမပြုမီ အခြေအနေကို ဖေါ်ပြခြင်းဖြစ်သည်။ ဖန်ဆင်းခြင်း ဒုတိယနှင့်တတိယနေ့၌ ဘုရားသခင်သည် စကြာဝဋ္ဌာကို ပုံဖေါ်ခဲ့သည်။ ထိုမှနောက်နေ့များတွင် ကမ္ဘာကြီးအား သက်ရှိသတ္တဝါများနှင့် ပြည့်စေခဲ့သည်။ အလင်းကို ဖန်ဆင်းသော အချိန်မှစ၍ နက်နဲရာ အရပ်ကို ဖုံးလွှမ်းထားသော အမှောင်ထုသည် ပျောက်လွင့်သွားသည်။
၁း၂ ရေအပေါ်၌ ရှိသော ဘုရားသခင် ဝိညာဉ်တော်၏ သဏ္ဍန်သည် သားသမီးများကို ထိန်းသိမ်းကာကွယ် နေသည့် မိခင်ငှက်နှင့်တူသည်။ (ထွက် ၃၂း၁၁-၁၂၊ ဟောရှာယ ၃၃း၎၊ ဆာလံ ၁၀၄း၃၀) ဘုရားသခင်၏ ကာကွယ်စောင့်မှုသည် ယခုအချိန်၌လည်းရှိသည်။