❮ Prev နိဒါန်း အခန်းကြီး ၂ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၂

၂း၉၊ ၁၆-၁၇ အသက်ပင်နှင့် ကောင်းမကောင်းကို သိကျွမ်းရာ အပင်တို့သည် စစ်မှန်သော အပင်များ ဖြစ်ပါသလား။

(၁) ထိုအပင်များသည် အပင်စစ်များ ဖြစ်သကဲ့သို့ ပုံဆောင်မှုလည်းဖြစ်သည်။ ဘုရားသခင်နှင့်အတူ ထာဝရ အသက်ရှင်ခြင်းသည် အသက်ပင်မှ အသီးကို စားခြင်းအား ပုံဆောင်သည်။
(၂) ထိုအပင်များသည် အပင်အစစ်များ ဖြစ်သကဲ့သို့ ထူးခြားသော အရည်အသွေး ရှိသည်။ အသက်ပင်၏ အသီးကို စားခြင်းဖြင့် အာဒံ (Adam) နှင့် ဧဝ (Eve) တို့သည် ထာဝရ အသက်ကို ရနိုင်သည်။ ဘုရားသခင်၏ သားသမီးများအဖြစ် ဘုရားသခင်နှင့် ထာဝရ မိတ်သဟာယပြု၍ ပျော်မွေ့နိုင်သည်။

အားဒံနှင့် ဧဝတို့သည် အပြစ်ကြောင့် အသက်ပင်နှင့် ခွဲခွာခြင်းကို ခံရပြီး ထာဝရ အသက်တာနှင့် ဝေးကွာ ရသည်။ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ထိုအသက်ပင်အား ဗျာဒိတ်ကျမ်း ၂၂ ၌ ထပ်မံဖော်ပြ ထားသည်။ ယင်း၌လည်း လူတို့သည် ဘုရားသခင်နှင့် အတူတကွ ထာဝရ အသက်တာ၌ ပျော်မွေ့နေကြသည်။

Continue… »»


❮ Prev နိဒါန်း အခန်းကြီး ၂ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.