❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
(ဂ) သိက္ခာတင် ကောင်စီစည်းဝေး (ပထမပိုင်း)
ရွေးချယ်တင်မြှောက်ခြင်း ခံရသော သဘာပတိနှင့် အတွင်းရေးမှူးတို့ ဦးဆောင်လျက်-
အစီအစဉ်
၁။ စည်းဝေးဖွင့်ခြင်း
၂။ လေ့လာသူများအားပါဝင်ခွင့်ပြုခြင်း
၃။ အသင်းတော်/သာသနာအဖွဲ့ ဆုံးဖြတ်ချက် (မှတ်တမ်း ကောက်နုတ်ချက်) ဖတ်ကြားခြင်း
၎။ အသင်းတော်အား မေးမြန်းခြင်း
- အသင်းသားဦးရေ
- ဘဏ္ဍာရေးအခြေအနေ
၅။ သိက္ခာတင်မင်္ဂလာ ခံယူမည့် ပုဂ္ဂိုလ်(များ)အား မေးမြန်းခြင်း၊
- ခရစ်ယာန်အသက်တာ
- ခေါ်တော်မူခြင်း
- ယုံကြည်ချက်များ
မှတ်ချက်။ ။ (ဇနီးရှိခဲ့လျှင် ဇနီးသည်၏ သဘောထားကို မေးမြန်းသင့်ပါသည်)။
၆။ သိက္ခာတင်မင်္ဂလာပေးရန် သင့်/မသင့် ဆွေးနွေးသဘောတူခြင်း (သိက္ခာတင်မင်္ဂလာ ခံယူမည့်သူ (များ) ခေတ္တပြင်ပတွင် နေရပါသည်။)
၇။ ဆုံးဖြတ်ချက်ကို ကြေညာခြင်း (သိက္ခာတင်မင်္ဂလာ ခံယူမည့်သူ(များ)ကို ပြန်လည်ခေါ်ယူ၍ ကြေညာရန်ဖြစ်ပါသည်။)
၈။ (သဘောတူကြောင်း ဆုံးဖြတ်ပါက) အစီအစဉ် ရေးဆွဲရေး ယာယီအဖွဲ့ငယ် ဖွဲ့စည်းပေးခြင်း။
မှတ်ချက်။ ။ ယာယီအဖွဲ့တွင် သဘာပတိနှင့် မှတ်တမ်းရေးမှူး မပါဝင်သင့်ပါ။ နေ့ရက် အချိန်ဒေသနှင့်ဆိုင်၍ တင်ပြနိုင်ရန် အသင်းတော်/ သာသနာအဖွဲ့မှ ကိုယ်စားလှယ် ပါဝင်သင့်ပါသည်။ သိက္ခာတင်မင်္ဂလာ ခံယူမည့်ပုဂ္ဂိုလ် အနည်းဆုံး တစ်ဦးပါဝင် သင့်ပါသည်။
၉။ စည်းဝေးခေတ္တရွှေ့ဆိုင်းခြင်း
ရွှေ့ဆိုင်းထားစဉ် ယာယီအဖွဲ့ စည်းဝေးကျင်းပရန် ဖြစ်ပါသည်။ ဤအချိန်တွင် မှတ်တမ်းရေးမှူးသည်လည်း မှတ်တမ်းပြုစုရန်ဖြစ်ပါသည်။