❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃
၃း၅ အာဒံနှင့်ဧဝ တို့သည် သူတို့ လိုလားသော ကောင်းမကောင်းကို သိနိုင်သော အသိတရားကို ရရှိခဲ့သည်။ သို့သော် ထိုအသိတရားအား မှားယွင်းသော လုပ်ဆောင်မှုအားဖြင့် ရရှိခဲ့သည်။ ထိုမှ ဆိုးဝါးသော အကျိုးဆက်များကို ကြုံတွေ့ခဲ့ရသည်။ ကျွန်ုပ်တို့သည် မှားယွင်းစွာ ထင်မြင်လေ့ ရှိသည်မှာ လွတ်လပ်ခြင်းသည် ကျွန်ုပ်တို့လုပ်ဆောင်လိုသော အရာများကို လုပ်ဆောင် နိုင်ခြင်းဟူ၍ ဖြစ်သည်။ ဘုရားသခင်မှ ပြောကြားသော အရာမှာ စစ်မှန်သော လွတ်လပ် ခြင်းသည် ဘုရားသခင်အား နာခံခြင်း၊ မလုပ်သင့်သော အရာများကို သိခြင်းမှ ဖြစ်ပေါ်လာရသည်။ ဘုရားသခင်မှ တားမြစ်ထားသော အရာများသည် ကျွန်ုပ်တို့ ကောင်းစားရန်မှ ဖြစ်ပြီး မကောင်းမှုများကို ရှောင်ရှားနိုင်ရန် ကူညီသည်။ အရှိန်ဖြင့် မောင်းနှင်သော ကားရှေ့၌ လျှောက်သွားရန် လွတ်လပ်ခွင့် ရှိသော်လည်း ထိုသို့ လုပ်ဆောင်ခြင်း၏ အကျိုးကို ကားတိုက်ခံရသော အခါမှ သိရှိရန် မဟုတ်ပါ။ စာတန်၏ သွေးဆောင်မှုများကို မနားထောင်ပါနှင့်။ မကောင်းသော လုပ်ဆောင်မှုများ အားဖြင့် အသက်တာ၏ အတွေ့ကြုံများကို သိရှိ လေ့လာခြင်း မပြုသင့်ပါ။