❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၎
၎း၁၅ ခုနှစ်ဆသော အပြစ်သည် ပြီးပြည့်စုံသော ပြစ်ဒဏ် ကာဣန (Cain) ခံရသော ဒဏ်ခတ်ခြင်းထက်ပို၍ကြီးသော အပြစ်ဒဏ်ကိုဆိုလိုသည်။
၎း၁၉-၂၆ လူတို့အား သူတို့လုပ်ဆောင် စေလိုသော အရာများကို လုပ်ဆောင်စေလို သောအခါ၌ ပို၍ ကောင်းလာမည့်အစား ဆိုးဝါးလာသည်။ လာမက် (Lamech) ၏ မိသားစုကို ကြည့်သောအခါ၌ ဘုရားသခင်သည် သူတို့အား အမျိုးမျိုးသော အရည်အသွေး၊ စွမ်းဆောင်နိုင်မှုများကို ပေးခဲ့သည်။ အချိန် ကြာလာသည်နှင့်အမျှ အပြစ်သည်လည်း ပို၍ ကြီးထွားလာသည်။ မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် သတ်ဖြတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ပြင်းထန်မှုသည် ပို၍ ကြီးထွားလာသည်။ လူစုနှစ်စုကို စတင် တွေ့လာသည်။
(၁) အပြစ်နှင့် မကောင်းမှုများကို လက်သင့်ခံသော လူစုနှင့်
(၂) ဘုရားသခင်အား ကိုးကွယ်သောလူစု (ရှေသ (Seth) မှ ဆင်းသက် လာသောလူစု ၄း၂၅) တို့ဖြစ်သည်။ ရှေသသည် အာဗေလ (Abel) ၏ နေရာကိုယူ၍ ဘုရားသခင်ကို ယုံကြည်သော လူစုအား ခေါင်းဆောင်ခဲ့သည်။