❮ Prev . . . ၉ ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၁
၁၁း၁၀-၂၇ ကောင်းကြီးခံရသော ရှေမ (Shem) ၏ မျိုးနွယ်ဆက် စာရင်းကို တွေ့ရသည်။ ထိုကောင်းကြီးကြောင့် အာဗြဟံ (Abraham) နှင့် ဂျူး (Jew) လူမျိုးနွယ်ဆက်သည် ရှေမ၏ မျိုးနွယ်မှ ဆင်းသက်လာပြီး ခါနာန်ပြည် (Canaan) အား နောက်ဆုံး၌ အောင်မြင်စွာ သိမ်းပိုက်ခဲ့သည်။
၁၁း၂၇-၂၈ ခါလဒဲ (Chaldeans) ပြည်သားတို့ နေသော ဥရမြို့ (City of Ur) ၌ အာဗြဟံသည် ကြီးထွားခဲ့သည်။ ထိုမြို့သည် ရှေးကာလ၌ အရေးပါသော မြို့ဖြစ်သည်။ အာဗြဟံကာလ၌ ခေတ်မှီတိုးတက်သော လူနေမှုစံနစ် တည်ရှိခဲ့သည်ဟု သုတေသီများက ဆိုခဲ့၏။ အထောက်အထားများကို တွေ့ရှိခဲ့သည်။ ထိုမြို့သည် အိမ်နီးချင်းနိုင်ငံများနှင့် ကျယ်ပြန့်စွာ ကူးသန်းခဲ့ပြီး စာကြည့်တိုက်လည်း တည်ရှိသည်။ ထိုမြို့၌ အာဗြဟံသည် ကြီးထွားသောကြောင့် အာဗြဟံ (Abraham) သည် ပညာတတ် တစ်ဦးဖြစ်ပေမည်။
❮ Prev . . . ၉ ၁၀ အခန်းကြီး ၁၁ ၁၂ ၁၃ . . . ၅၀ ဒေသနာကျမ်း Next ❯