❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၃
၁၃း၁၀-၁၁ လောတ၏ အကျင့်စာရိတ္တကို သူ၏ ရွေးချယ်မှု အားဖြင့် ပေါ်လွင်စေခဲ့သည်။ သူသည် သောဒုံမြို့ (Sodom) ကို ရွေးချယ်ခဲ့သည်။ သောဒုံမြို့သည် အပြစ်နှင့် ပြည့်သောမြို့ဟု လူသိများသည်။ လောတသည် လောဘကြီးပြီး သူ့အတွက် အကောင်းဆုံး ကိုသာ လိုလားသည်။ သူ၏ဦးလေး အာဗြဟံ၏ လိုအပ်ချက်၊ တရားမျှတမှုကို ထည့်သွင်းစဉ်စားခြင်း မရှိခဲ့ပါ။
အသက်တာ၌ ရွေးချယ်မှုများကို အစဉ်ပြုနေရသည်။ ကျွန်ုပ်တို့သည်လည်း အခြားသူတို့၏ လိုအပ်ချက် ခံစားမှုများကို မျက်ကွယ်ပြု၍ မိမိအတွက် အကောင်းဆုံးကို ရွေးချယ်နိုင်သည်။ လောတ၏ အသက်တာ၌ တွေ့ရ သကဲ့သို့ပင် ထိုသို့သော ရွေးချယ်မှုများသည် ပြဿနာများကို ဖြစ်စေသည်။ ဘုရားသခင်၏ လမ်းပြမှုအတိုင်း မရွေးချယ်သောအခါ၌ မှားယွင်းသော ရွေးချယ်မှုများကိုသာ ရွေးချယ်လာတော့သည်။
❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ၅၀ ဒေသနာကျမ်း Next ❯