❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၄
၁၄း၁၈ မေလခိဇေဒက် (Melchizedek) သည် မည်သို့သောသူ ဖြစ်ပါသနည်း။ သူသည် ဘုရားကို ကြောက်ရွံ့ သောသူဖြစ်ပြီး သူ့အမည်၏ အဓိပ္ပါယ်မှာ ‘ဖြောင့်မတ်သောဘုရင်’ ဖြစ်သည်။ ‘ရှာလင်မင်း (Salem)’ အမည်၏ အဓိပ္ပါယ်မှာ ‘ငြိမ်သက်သောဘုရင်’ ဖြစ်သည်။ သူသည် အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပရောဟိတ် (Priest) လည်း ဖြစ်သည်။ (ဟေဗြဲ ၇း၁-၂) သူသည် ဘုရားသခင်အား ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသော အရှင်အဖြစ် အသိအမှတ် ပြုခဲ့သည်။ ထိုဘုရင်နှင့် ပတ်သက်၍ ယူဆချက် (၄)မျိုးမှာ
(၁) မေလခိဇေဒက်မင်းသည် ထိုဒေသ၌ ကြည်ညိုခြင်းကို ခံရသော ဘုရင်ဖြစ်သည်။ ထိုဘုရင် ရရှိရထိုက်သော ရိုသေမှုကို အာဗြဟံသည် ပြခဲ့သည်။
(၂) မေလခိဇေဒက် အမည်သည် ရှာလင်မင်း အားလုံးတို့အား ခေါ်ဆိုသည့်အမည် ဂုဏ်ပုဒ် ဖြစ်နိုင်သည်။
(၃) မေလခိဇေဒက်သည် ခရစ်တော်ကို ပုံဆောင်သည်။ ခရစ်တော်နှင့် ပတ်သက်၍ ဓမ္မဟောင်းကာလ၌ ရည်ညွှန်း သင်ကြားခြင်း ဖြစ်သည်။
(၄) မေလခိဇေဒက်သည် ဤကမ္ဘာ၌ ခဏတာ လူ့အသွင်ကို ဆောင်သော ပေါ်ထွန်းလာမည့် ခရစ်တော်ဖြစ်သည်။
❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ၅၀ ဒေသနာကျမ်း Next ❯