❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၅
၁၅း၆ အာဗြဟံသည် သူ၏ ယုံကြည်ခြင်းအား သူ၏ လုပ်ဆောင်မှုအားဖြင့် ဖေါ်ပြခဲ့သော်လည်း ဘုရားသခင်အား ယုံကြည်ခြင်းသည် (သူ၏ လုပ်ဆောင်မှုကြောင့် မဟုတ်ပါ) သူ့အား ဘုရားသခင်၌ ဖြောင့်မတ်စေသည် (ရောမ ၄း၁-၅)။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်အား ယုံကြည်စိတ်ချခြင်း အားဖြင့် ဘုရားသခင်နှင့် မှန်ကန်သော ဆက်သွယ်မှုကို ဖြစ်စေသည်။ ကျွန်ုပ်တို့၏ ပြင်ပလုပ်ဆောင်မှုများ ဖြစ်သော ဘုရားကျောင်း တက်ခြင်း၊ ဆုတောင်းခြင်း ကောင်းသော လုပ်ဆောင်မှုများကို လုပ်ဆောင်ခြင်းတို့သည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် မှန်ကန်မှုကို မဖြစ်စေပါ။ ဘုရားသခင်နှင့် မှန်ကန်သော ဆက်သွယ်မှုသည် ယုံကြည်ခြင်း၌ အခြေတည်သည်။ ဘုရားသခင်မှ သူပြောသည့်အတိုင်း သူဖြစ်ခြင်း၊ သူပြောသည့်အတိုင်း သူလုပ်ဆောင်ခြင်းတို့ကို စိတ်နှလုံးအတွင်းမှ စိတ်ချခြင်းသည် ယုံကြည်ခြင်း ဖြစ်သည်။ မှန်ကန်သော လုပ်ဆောင်မှုများသည် ထိုယုံကြည်ခြင်းကြောင့် ပေါ်ပေါက်လာသော အရာများလည်းဖြစ်သည်။
❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ၅၀ ဒေသနာကျမ်း Next ❯