« Prev အမှာစာ အခန်းကြီး ၁ ၂ ၃ ၄ ၅ Next »
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians
အခန်းကြီး ၁
၁း၇ သက်သာလောနိတ် အသင်းသားများ၏ ယုံကြည်ခြင်းကို မာကေဒေါနိပြည် (Macedonia) အာခါယပြည် (Achaia) ၌ ရှိသော ယုံကြည်သူများကပင် အတုယူရကြသည်။
၁း၈ အာခါယပြည်၊ မာကေဒေါနိပြည် သို့သာမက နေရာအရပ်ရပ်တို့၌ပင် သတင်းနှံ့ပြား နေပြီဖြစ်၍ တမန်တော်တို့အနေနှင့် အပြစ်ပြောရန်မရှိပါ။
၁း၉-၁၀ တမန်တော်တို့ထံမှ ဧဝံဂေလိသတင်းကောင်းကို သက်သာလောနိတ် အသင်းသားများ မည်သို့ ခံယူပုံကို၎င်း၊ ထာဝရအသက်နှင့် ပြည့်စုံ၍ မှန်ကန်သော ဘုရားသခင်၏ အမှုတော်ကို သက်သာလောနိတ် အသင်းသားများ ဆောင်ကြပုံနှင့် သေခြင်းမာန်ကိုအောင်မြင်၍ ကောင်းကင်ဘုံသို့ ပြန်လည်ကြွသွားတော်မူသော ယေရှုခရစ်တော်သည် တဖန်ပြန်လည် ကြွလာပြီး ယုံကြည်သူတို့ကို ရောက်လတံ္တ့သော ဘေဒဏ်မှ ကယ်တင်မည့် နေ့ရက်ကို စောင့်မျှော် နေကြကြောင်းကို၎င်း၊ လူအများသည် သိကြပြောကြ၏။
သက်သာလောနိတ် အသင်းသားများကဲ့သို့ ကျွန်ုပ်တို့ အားလုံးသည်လည်း ယေရှုခရစ်တော်နှင့် သက်ဆိုင်သည့် သတင်းကောင်းကို ခံယူကာ ယေရှုဘက်သို့ လှည့်ပြီး၊ ယေရှု၏ တပည့်များအဖြစ် ခံယူလျက်၊ ယေရှုခရစ်တော် ဒုတိယအကြိမ် ကြွလာပြီး အသင့်ရှိသော သူများကို ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်မည့် နေ့ရက်အတွက် အသင့်ပြင်ဆင် ထားသင့်သည်။