« Prev အမှာစာ အခန်းကြီး ၁ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်
2 Thessalonians

အခန်းကြီး ၁

၁း၎ …

ခရစ်တော်ထံမှ သည်းခံခြင်၊း အမွေကိုရသော ခရစ်ယာန်များသည် ညဉ်းပမ်းနှိပ်စက်မှု အမျိုးမျိုးကို ခံရသော်လည်း ခံရစဉ်တွင် မိမိကို ညဉ်းဆဲသော သူများအား ရိုင်းပျစွာ ပြန်လည်ချေပလေ့ မရှိပါ။ ခရစ်တော်ကိုသာ မြင်ယောင်ကြပြီး ခရစ်တော်နည်းတူ ဒုက္ခခံရမည် သည်းခံရမည် ဟူသော စိတ်ကို မွေးတတ်ကြသည်။ ခရစ်ယာန် တစ်ဦးဦး အညှဉ်းဆဲခံရသံကြား၍ အခြားခရစ်ယောန်များ လက်သီးလက်မောင်းတန်း၍ ညှဉ်းဆဲသူကို ရန်တုံ့ မမူတတ်ကြပါ။ ဒူးထောက်၍ ဘုရားသခင်ထံတွင် ညှဉ်းဆဲသူကို ခွင့်လွှတ်ရန်နှင့် ညှဉ်းဆဲခံရသူ ခံနိုင်ရည်ရှိရန်သာ ဆုတောင်းပေးလေ့ ရှိပါသည်။ ရန်သူကို ကျိန်ဆဲခြင်းမပြုရ။ မေတ္တာပို့ခြင်းကိုသာ ပြုရမည်ဟု သတိပေးထားသော ခရစ်တော်၏ စကားတော်ကို ခရစ်ယာန်တို့ လွန်ဆန်ရန် အလွန်ခက်ခဲပါသည်။ သူတပါး၏ အပြစ်ကို ချည်နှောင်လျှင် ကောင်းကင်ဘုံ၌ ဘုရားသခင်က မိမိတို့၏ အပြစ်ကို ချည်နှောင်လျက် ထားမည်ကိုလည်း ခရစ်ယာန်တို့ စိုးရိမ်ကြရပြန်သည်။

ထို့ကြောင့် ညှဉ်းပမ်းနှိပ်စက်ခြင်း ခံရသော်လည်း သည်းခံခြင်းရှိကြသော သက်သာလောနိတ် ခရစ်ယာန်များအတွက် ရှင်ပေါလုက “ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏” ဟု ဖော်ပြခြင်းဖြစ်သည်။

Continue… » »


« Prev အမှာစာ အခန်းကြီး ၁ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.