❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
နိဒါန်း Introduction
အမှာစကား
ဤကျမ်းရှိ အခန်းကြီးတိုင်း၌ ယေရှု၏ ဘုရားဖြစ်ခြင်း ဂုဏ်ပုဒ်ကို ဖော်ပြခဲ့သည်။ ယေရှုကို ယောဟန်က နှုတ်ကပတ်တော်၊ တစ်ဦးတည်းသော ဘုရားသခင်၏ သိုးသငယ်တော်၊ ဘုရားသခင်၏ သားတော်၊ စစ်မှန်သော အသက်မုန့်၊ အသက်စမ်းရေ၊ သေခြင်းကို အောင်မြင်သောအရှင် စပျစ်နွယ်ဟူ၍ ဖော်ပြခဲ့သည်။ ယေရှုက ‘ငါဖြစ်သည့်အတိုင်း ငါဖြစ်၏’ ဟုဆိုခြင်းသည် သူ၏ အတိတ်၌ တည်ရှိခြင်း၊ ထာဝရအချိန် ကာလ၌ တည်ရှိခြင်းကို ခိုင်မာစေခဲ့သည်။ ယေရှုက
- ငါသည် အသက်မုန့်ဖြစ်သည် (၆း၃၅)။
- ငါသည် လောက၏ အလင်းဖြစ်သည် (၈း၁၂၊ ၉း၅)။
- ငါသည် တံခါးဝဖြစ်သည် (၁၀း၈-၉)။
- ငါသည် ကောင်းသော သိုးထိန်းဖြစ်သည် (၁၀း၁၁၊ ၁၄)။
- ငါသည် ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်း ဖြစ်သည် (၁၁း၂၅)။
- ငါသည် လမ်းခရီး ဖြစ်၏။ အသက်လည်း ဖြစ်၏ (၁၄း၆)။
- ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်၏ (၁၅း၁)။
ဟု ပြောဆိုခဲ့သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯