❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ဖော်ပြထားသော အဓိကကျသည့်နေရာများ

ဤကျမ်းကို ဗေသနိရွာ (Bethany Village) အနီး ယော်ဒန် (Jordan) မြစ်ကမ်း၌ နှစ်ခြင်းဆရာယောဟန် (John the Baptist) ၏ သာသနာပြုခြင်းနှင့် အစပြုထားသည် (၁း၂၈)။ ယေရှုသည် နောင်တစ်ချိန်၌ တမန်တော် (၁၂) ပါးဖြစ်လာမည့်သူများအား ပြောဆိုသွန်သင်ခြင်းဖြင့် သာသနာပြုလုပ်ငန်းကို အစပြုခဲ့သည်။ ယေရှုသည် ဂါလိလဲပြည် (Galilee) ၌ ကာနမြို့ (Kanah) မင်္ဂလာဆောင်ပွဲသို့ သွားရောက်ခြင်းဖြင့် ဂါလိလဲပြည် သာသနားခရီးကို အစပြုခဲ့သည် (၂း၁)။ ထို့နောက် ယေရှုသည် ကပေရနောင်မြို့ (Capernaum) သို့ ပြောင်းရွှေ့ အခြေချခဲ့သည် (၂း၁၂)။ သူသည် ယေရုရှလင်မြို့ (Jerusalem) ယုဒ ပဿခါပွဲ (Jewish Passover) သို့ သွားရောက်စဉ် နိကောဒင် (Nicodemus) အမည်ရှိသော ဘာသာရေးခေါင်းဆောင် (ဖရိရှဲ (Pharisee)) နှင့် တွေ့ဆုံခဲ့သည် (၃း၁)။ ယုဒပြည် (Judah) မှ ထွက်ခွာပြီးနောက်တွင် ယေရှုသည် ရှမာရိပြည် (Samaria) သို့ ရောက်ရှိပြီး ရှမာရိလူများကို သာသနာပြုခဲ့သည် (၄း၁)။ ယေရှုသည် ဂါလိလဲပြည် (၄း၄၆)၊ ယုဒပြည်၊ ယေရုရှလင်မြို့တို့၌ အံ့သြဖွယ်ရာ မြောက်များစွာကို ပြုခဲ့သည် (၅း၁)။

Continue… » »


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.