❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
နိဒါန်း Introduction
အခြေခံအချက်
၂။ ယေရှု၏မိန့်မှာချက်များနှင့် သာသနာလုပ်ငန်း (၂း၁၂၊ ၁၂း၅၀)
(က) ယေရှုသည် သူ့အား လူတို့၏ ယုံကြည်မှုနှင့် မယုံကြည်မှုများကို တွေ့ကြုံရသည်။
(ခ) ယေရှုသည် သာသနာ့ခေါင်းဆောင်များ၏ အတိုက်အခံပြုမှုကို တွေ့ကြုံရသည်။
(ဂ) ယေရှုသည် ယေရုရှလင်မြို့(Jerusalem) ၌ အလွန်အရေးပါသော ဖြစ်ရပ်များနှင့် တွေ့ကြုံခဲ့ရသည်။
ယေရှုသည် လူများစွာ တို့နှင့်တွေ့ဆုံခဲ့သည်။ လူစုများကို တရားဟောခဲ့သည်။ တမန်တော်များကို သင်ကြားပေးခဲ့သည်။ သာသနာ့ခေါင်းဆောင်တို့နှင့် ဆွေးနွေးခဲ့ကြသည်။ သူသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဖော်ပြမှုကို လူအမျိုးမျိုးတို့မှ အမျိုးမျိုး တြုံ့ပန်ခဲ့သည်။ လူအချို့တို့သည် သူ့အား ကိုးကွယ်ကြသည်။ လူအချို့တို့အတွက် တွေးတောစရာ ဖြစ်ခဲ့သည်။ လူအချို့တို့သည် သူ့အားရှောင်ခွာခဲ့ကြသည်။ လူအချို့တို့က သူ့အား နှုတ်ပိတ်ပစ်ရန် လုပ်ဆောင်ခဲ့ကြသည်။ ယခုအချိန်၌လည်း ယေရှုအား အမျိုးမျိုးတုံ့ ပြန်မှုကို တွေ့နေရသည်။ အချိန်ပြောင်းခဲ့သော်လည်း လူတို့နှလုံးမှာ ခိုင်မာလျက်ရှိနေကြသေးသည်။ ယေရှုတွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို ကျွန်ုပ်တို့၏ အသက်တာ၌ မြင်ယောင်ပြီး ယေရှုကို ကိုးကွယ်သောသူ၏ နောက်လိုက်များဖြစ်အောင် ကြိုးပမ်းကြပါစို့။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯