❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁

၁း၁ ရှင်ယောဟန်သည် ‘နှုတ်ကပတ်တော်’ ဟူသော စကားကို မည်သို့ အဓိပ္ပါယ်ဖွင့် ပါသနည်း။ ဂျူးလူမျိုး (Jews)၊ ဂရိတ် (Greeks) လူမျိုး အတွေးအခေါ် ပညာရှင်တို့သည် ထိုစကားလုံးကို အဓိပ္ပါယ်အမျိုးမျိုးဖြင့် အသုံးပြုခဲ့ကြသည်။ ဟေဗြဲကျမ်းစာ (Hebrew) ၌ ‘နှုတ်ကပတ်တော်’ ကို ဖန်ဆင်းခြင်းကို ဖြစ်စေသော အရာအဖြစ်လည်းကောင်း (ဆာ ၃၃း၆)၊ ပရောဖက်မှတစ်ဆင့် လူသားတို့အား ဘုရားရှင်မှ ပြောကြားလိုသော အရာများကို ဖော်ပြသော အရင်းအမြစ်အဖြစ်လည်းကောင်း (ဟော ၁း၂)၊ ဘုရားရှင်၏ပညတ်တော်၊ သန့်ရှင်းခြင်း စံချိန်အဖြစ်လည်းကောင်း (ဆာ ၁၁၉း၁၁)၊ အသုံးပြုခဲ့သည်။ ဂရိတ်အတွေးအခေါ်၌ ‘နှုတ်ကပတ်တော်’ ကို ကမ္ဘာကြီးအား ထိန်းချုပ်ထားသော အဓိကအခြေအမြစ်၊ စိတ်ကူးစိတ်သန်းဟု ယူဆသည်။ ဟေဗြဲအတွေးအခေါ်၌ ‘နှုတ်ကပတ်တော်’ ကို ဘုရားရှင်ဟု ယူဆသည်။ ရှင်ယောဟန်သည် ယေရှုအား သူချစ်သော၊ သူသိသော လူသား၊ တစ်ချိန်တည်းမှာပင် စကြာဝဠာ (Universe) ကို ဖန်ဆင်းသောအရှင်၊ ဘုရားရှင်၏ အသွင်သဏ္ဍာန်ကို ဖော်ပြသောသူ၊ ဘုရားရှင်၏ သန့်ရှင်းခြင်းစံနမူနာ၊ အရာအားလုံး၏ တည်ရှိရာအရင်းအမြစ် (ကော ၁း၁၇) အဖြစ် ဖော်ပြထားသည်။ ဂျူးလူမျိုး စာဖတ်သူတို့အတွက် နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သည်ဟု ပြောဆိုခြင်းသည် စော်ကားခြင်းဖြစ်၍ ဂရိတ်စာဖတ်သူတို့အတွက် ‘နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်’ ဟု ဖော်ပြခြင်းသည် မယုံနိုင်စရာဖြစ်သည် (၁း၁၄)။ ရှင်ယောဟန်အဖို့မူကား နှုတ်ကပတ်တော်သည် ယေရှုခရစ်နှင့် ပတ်သက်သော သတင်းကောင်းပင် ဖြစ်သည်။

Continue… »»


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.