❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၁၀-၁၁ ခရစ်တော်သည် ဤလောကကို ဖန်ဆင်းခဲ့သော်လည်း သူဖန်ဆင်းခဲ့သော သူများသည် ခရစ်တော်ကို မသိကြ (၁း၁၀)။ ဓမ္မဟောင်းကျမ်းစာ၌ မေရှိယ (Messiah) ကြွလာမည့် အကြောင်းကို ဖော်ပြထား ခဲ့သော်လည်း မေရှိယ ကြွလာမည့် အချိန်အတွက် ဤလောကကြီးအား ပြင်ဆင်ရန် ရွေးချယ်ခဲ့သော လူမျိုးတော်က ခရစ်တော်ကို ငြင်းပယ်ခဲ့သည် (၁း၁၁)။
၁း၁၂-၁၃ ယေရှုခရစ်တော်အား မိမိအသက်တာ၏ အရှင်သခင်အဖြစ် လက်ခံသော သူများသည် ဝိညာဉ်အားဖြင့် အသစ်တဖန် မွေးဖွားခြင်းနှင့် အသစ်သော အသက်တာကို ရရှိသည်။ ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ဤအသစ်သော အသက်တာသည် ကျွန်ုပ်တို့၏ အတွင်းစိတ်ကို ပြောင်းလဲမှု ဖြစ်စေသည်။ ထိုမှ ကျွန်ုပ်တို့၏ အပြုအမူ၊ လိုအင်ဆန္ဒ၊ ရည်မှန်းချက်တို့သည် ပြောင်းလဲရသည်။ ဘုရားရှင်၌ မွေးဖွားခြင်းသည် ကျွန်ုပ်တို့ကို ဝိညာဉ်တော်၌ နိုးကြားမှုကို ဖြစ်စေပြီး ကျွန်ုပ်တို့အား ဘုရားရှင်၏ မိသားစုအတွင်းသို့ ဝင်ရောက်စေသည်။ သင်က ခရစ်တော်အား အသစ်သော အသက်သို့ ပြောင်းလဲပေးရန် တောင်းလျှောက်ခဲ့ပြီးပါပြီလား။ ထိုသို့သော အသက်တာသစ်သည် ခရစ်တော်ကို ယုံကြည်သော သူအားလုံးအတွက် ဖြစ်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯