❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၁၇ ပညတ်တရားနှင့် မေတ္တာတရားသည် ဘုရားသခင်၏ သဘောသဘာဝဖြစ်ပြီး ကျွန်ုပ်တို့ကို ထိုတရားနှစ်ခုလုံးဖြင့် ဘုရားသခင်မှ ဆက်ဆံသည်။ မောရှေ (Moses) က ဘုရားသခင်၏ ပညတ်တော်နှင့် တရားစီရင်မှုကို အဓိက ဖော်ပြခဲ့ပြီး ယေရှုခရစ်သည် ဘုရားရှင်၏ ချစ်မေတ္တာတော်ဖြင့် ပညတ်တရားကို ပြည့်စုံစေခဲ့သည် (မဿဲ ၅း၁၇)။ ပညတ်တရားအားဖြင့် ဘုရားရှင်၏ သဘော သဘာဝ အလိုဆန္ဒကို ဖော်ပြခဲ့ သကဲ့သို့ ယခုအချိန်၌ ယင်းတို့ကို ယေရှုခရစ်တော်၌ ဖော်ပြခဲ့သည်။ ဘုရားရှင်၏ အမှန်တရားသည် ယခုအချိန်၌ ကျောက်တုံးပေါ်၌ ရေးသားခြင်းမှ တစ်ဆင့် မဟုတ်ဘဲ အသက်ရှိသော လူသား၏ အသက်တာမှ တစ်ဆင့် ဖော်ပြလေသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ပို၍ သိသည်နှင့်အမျှ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သဘောသဘာဝကို ပို၍သိရသည်။
၁း၁၈ ဓမ္မဟောင်း၌ ဘုရားသခင်သည် ပရောဖက်များ (Prophets) မှ တစ်ဆင့် လူအမျိုးမျိုးတို့အား ဆက်သွယ်ခဲ့သည်။ ပရောဖက်တို့သည် ဘုရားသခင်ပြောလိုသော အရာများကို တိတိကျကျ ပြောကြားခဲ့သည်။ သို့သော် မည်သည့် ပရောဖက်မှ ဘုရားသခင်ကို မမြင်ခဲ့ပါ။ ‘တစ်ပါးတည်းသော သားတော်’ ဟု ပြောဆိုရာ၌ ယေရှုသည် ဘုရားဖြစ်ခြင်းနှင့် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သူ၏ သဘောသဘာဝကို မြင်နိုင်ထိတွေ့ စေနိုင်ခဲ့သည်။ ခရစ်တော်အားဖြင့် ဘုရားသခင်သည် လူသားဖြစ်လာခဲ့သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯